Pages

Pages

နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေ (MEVM) မဲပေးစက် ကိုင်တွယ်အသုံးပြု၍ လက်တွေ့သရုပ်​ပြစမ်းသပ်ဆန္ဒမဲပေးခြင်းအား ကြည့်ရှုအားပေး



သဲကုန်း  ၊ နိုဝင်ဘာ ၂၆


ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်   မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်​ပြ စမ်းသပ်ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ယမန်နေ့က သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိကန်သာရပ်ကွက်၊ တပ်နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် မြို့နယ်ရွေး​ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်သူဇာခင်တို့က ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)​​ဖြင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းအဆင့်ဆင့်၊ အကျိုးကျေးဇူးများနှင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲဆန္ဒရှင် ပြည်သူများအနေဖြင့်  သိသင့်သိထိုက်သော အကြောင်းအရာ အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် စစ်သည်မိသားစုဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကို အသုံးပြု၍ လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများမှ စနစ်တကျကြီးကြပ်၍ ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်သူဇာခင်နှင့် ဝန်ထမ်းများ၊ အင်းမမြို့အုပ်ချုပ်ရေးမှူး၊ တပ်အရာရှိများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق