Pages

Pages

ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ် ကာကွယ်‌ဆေး Pfizer JN1 (Grey Cap) ဆက်လက်ထိုးနှံပေး





ပုဇွန်တောင်၊ နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာ ကွယ်ဆေး Pfizer JN1 (Grey Cap)ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ ဟိန္ဒူဆိုရှယ်ကလပ်ခန်းမနှင့် အမှတ်(၆)ရပ်ကွက်ရှိ ပုဇွန်တောင်ဈေးတာဝန်ခံရုံးတို့တွင် ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးလာရောက်ထိုးနှံသူ ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာနန်းလှထွန်းနှင့်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရမည့်အကြိမ်အလိုက်  စာရင်းမှတ်တမ်းရေးသွင်းပြီး ကိုဗစ်-၁၉ ရောဂါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ဆေးထိုးနှံ ပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဝင်များ၊ မြို့နယ်မိခင်/ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့်ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

ဟန်စုယဉ်

#News 

ليست هناك تعليقات:

إرسال تعليق