Pages

Pages

သန်လျင်မြို့နယ် ကုလားဝဲကျေးရွာ၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး pfizer JN1 ထိုးနှံ



ရန်ကုန်  ၊ နိုဝင်ဘာ ၂၄


သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်က သန်လျင်မြို့နယ်၊ ကုလားဝဲကျေးရွာ၌ ထိုးနှံးပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ပြည်သူများအား အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်းနှင့် လိုအပ်သည်များကိုဆောင်ရွက်ကာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံပေးကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)

https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق