Pages

Pages

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မုဒုံမြို့နယ်ရှိ Puma Power International Port Terminal ဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး




မော်လမြိုင် ၊  နိုဝင်ဘာ ၁၀


နိုင်ငံတော်နှင့် ပြည်သူများ၏ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်ဝန်ဆောင်မှုဆိုင်ရာ အထွေထွေလုပ်ငန်းများ ဆောင်ရွက်ရာတွင်မရှိမဖြစ်လိုအပ်သည့် စက်သုံးဆီကဏ္ဍကို ဦးစားပေးသွင်းကုန်အနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများသက်သာသည့်ဈေးနှုန်းနှင့်ဝယ်ယူနိုင်ရန်အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၉ရက် နံနက်ပိုင်းက မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာ Puma Power International Port Terminal ဆိပ်ကမ်းသို့ သွားရောက်ပြီး ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ရှင်းလင်းဆောင်တွင် ဆိပ်ကမ်းတာဝန်ခံ ဦးညီညီထွေးက မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် Myanmar Energy King (MEK) Co.,Ltd နှင့် Yar Zar Min Industry Co.,Ltd တို့မှ ပြည်နယ်အတွင်း လစဉ်အသုံးပြုရန် လိုအပ်သောစက်သုံးဆီများအား ပြည်ပ (ပင်လယ်ရေကြောင်း)မှ တင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရန်အတွက် Puma Power International Port Terminal ရှိ ဆီလှောင်ကန်များတွင် စက်သုံးဆီများ သိုလှောင်ထားရှိမှုအခြေအနေတို့အားလည်းကောင်း၊ ပြည်နယ်ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ချစ်က ပြည်နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့ စက်သုံးဆီရောင်းချမှု အခြေအနေတို့အား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများက ပြည်နယ်အတွင်း ဆီပြတ်လပ်မှုမရှိစေရေးအတွက် ဆီဖြည့်ရုံများတွင်ဆီဖြည့်ပန့်များထပ်တိုးသွားရန်နှင့် ဆီဖြန့်ဖြူးမှု ရပ်ဆိုင်းမသွားစေရန်လိုအပ်ကြောင်း၊ စက်သုံးဆီဆိုင်များသို့ စက်သုံးဆီများအား စနစ်တကျမြန်ဆန်စွာရောက်ရှိစေရေးအတွက် ဖြန့်ဖြူးပေးရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် မွန်ပြည်ဝန်ကြီးချုပ်က နိုင်ငံတော်မှစက်သုံးဆီပြတ်လပ်မှုမရှိစေရေး စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဥ်ဖြင့် ဆီအပြည့်အဝရရှိရေးဆောင်ရွက်လျက်ရှိပြီ ဆီပြတ်လပ်မှုမရှိစေရေးနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ စက်သုံးဆီစဉ်ဆက်မပြတ်ရောက်ရှိစေရေး၊ စက်သုံးဆီများကို ပြည်သူအများလုံလောက်စွာအသုံးပြုနိုင်ရေးနှင့် တရားမဝင်စက်သုံးဆီများရောင်းချမှုမရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက Yar Zar Min Industry Co.,Ltd ၏ Puma Power International Port Terminal ဆိပ်ကမ်းရှိ စက်သုံးဆီ တန် ၈၀၀၀ ဆံ့ LYNX SATU(လင့်ဆာတူ) သ‌င်္ဘောသို့ သွားရောက်ပြီး သ‌င်္ဘောပေါ်မှဆီလှောင်ကန်များသို့ ဆီဖြည့်သွင်းနေမှု၊ အဆိုပါ သိုလှောင်ကန်များရှိ စက်သုံးဆီများကိုသက်ဆိုင်ရာဆီဖြည့်ပွိုင့်များမှတစ်ဆင့် ဆီ‌ဘောက်ဆာယာဉ်များပေါ်သို့ ဆီဖြည့်ပေးနေမှုအခြေအနေတို့အားလှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးဘေးလုံခြုံရေးစနစ်တကျစီမံဆောင်ရွက်ထားရှိ‌ေရး၊ ပြည်သူများခရီးသွားလာရာတွင် လိုအပ်သည့်စက်သုံးဆီများကို အလွယ်တကူဝယ်ယူနိုင်ရေး၊ ပြည်နယ်အတွင်းရှိ ဆီဆိုင်များအနေဖြင့် ဆီ‌ဈေးနှုန်းအတက်အကျပေါ်မူတည်၍ သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချရန်နှင့်ရောင်းချမှုမရှိပါက အရေးယူဆောင်ရွက်သွားရန် လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق