နယူးဒေလီ ကားဗုံးခွဲမှုမှာပါတဲ့ ဘယ်သူကိုမှ ချမ်းသာမပေးဘူးလို့ မိုဒီကြိမ်းပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နယူးဒေလီ ကားဗုံးခွဲမှုမှာပါတဲ့ ဘယ်သူကိုမှ ချမ်းသာမပေးဘူးလို့ မိုဒီကြိမ်းပြီ




နိုဝင်ဘာ - ၁၂ ( ဗုဒ္ဓဟူးနေ့ ) 

တနင်္လာနေ့က အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ လူ ၁၂ ဦး သေဆုံးခဲ့ရတဲ့ ကားဗုံးခွဲတိုက်ခိုက်မှု အတွက် တာဝန်ရှိတဲ့သူတွေအားလုံးကို တစ်ယောက်မှချမ်းသာပေးမှာ မဟုတ်ဘူး အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ က ကြိမ်းဝါးလိုက်ပါတယ်။ 

ဒီကနေ့ ဘူတန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ မိုဒီက “ကျနော့်အနေနဲ့ အဲ့ဒိဖြစ်ရပ်နဲ့ ပတ်သက်ပြီး အောက်ခြေစုံစမ်း စစ်ဆေးရေးအဖွဲ့တွေနဲ့ အဆက်အသွယ်မပြတ် ရှိနေပါတယ်။ အေဂျင်စီတွေ အားလုံး ပူးပေါင်းဆောင်ရွက်ရမယ်လို့လည်း ညွှန်ကြားချက်ပေးထားပါတယ်။ ဘယ်သူ့ ဘယ်သူမှ မလွတ်သွားစေရပါဘူး” လို့ ပြောသွားပါတယ်။ 

အိန္ဒိယရဲတွေကတော့ ဒေလီတွင် လူအသေအပျောက်များသော ကားဗုံးပေါက်ကွဲမှုကို အကြမ်းဖက်မှုတိုက်ခိုက်မှု လို့ မှတ်ယူထားပြီး တရားဝင်စစ်ဆေးမှုတွေနဲ့ ရှာဖွေမှုတွေ လုပ်နေပါတယ်။ ဒေလီမြို့က လူနေထူထပ်တဲ့ ဧရိယာတစ်ခုမှာ ကားဗုံးပေါက်ကွဲမှုကြောင့် ဒါဇင်နဲ့ချီ သေဆုံး ဒဏ်ရာရခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးကတော့ အားလုံးကို စုံစမ်းစစ်ဆေးနေပြီး လုံခြုံရေးအေဂျင်စီများသည် မကြာမီမှာပဲ အဲ့ဒိ အကြမ်းဖက်မှုကို အဆုံးသတ်ပေးသွားမှာပါ လို့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost 

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)