လှိုင်မြို့နယ်တွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်မြို့နယ်တွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်



လှိုင် ၊  နိုဝင်ဘာ ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်းကို အမှတ် (၁၁) ရပ်ကွက်၊ လှိုင်မြို့နယ်၊ Wella internation School ခန်းမ၌ ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်ကေသွယ်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍  အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစိုးနိုင်က အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ စည်းကြပ်သည့်ဥပဒေများနှင့်နည်းဥပဒေများကိုလည်းကောင်း၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်မြိုင်မြိုင်သိန်းက အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေး ရေးဦးစီးဌာနမှ စည်းကြပ်သည့် ဥပဒေများနှင့်နည်းဥပဒေများကို လည်း ကောင်း၊ လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသိန်းနွယ်ဦးက လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်များ၊ ထည့်ဝင်ကြေးနှုန်းများ၊ ငွေကြေးအကျိုးခံစားခွင့်များကို ရှင်းလင်းပြခြင်းနှင့် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနက စည်းကြပ်သော ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေနည်းဥပဒေများ၊ အငြင်းပွားမှုဖြေရှင်းခြင်း နည်းလမ်းများအား စာတွေ့၊လက်တွေ့ပို့ချရှင်းလင်းခဲ့သည်။

အဆိုပါသင်တန်းကို ဗိုလ်တထောင်မြို့နယ်၊ သာကေတမြို့နယ်၊ အလုံမြို့နယ်ရှိ စက်ရုံအလုပ်ရုံ အလုပ်ဌာနများမှ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်း ရေးကော်မတီ (WCC) အဖွဲ့ဝင် သင်တန်းသား၊သင်တန်းသူ (၄၀)ဦးတက် ရောက်ခဲ့ကြောင်းသိရသည်။


ဇော်ဇော်နိုင်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)