ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ wifi ကြိုးများ မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ wifi ကြိုးများ မီးလောင်မှုဖြစ်ပွား




ဒဂုံတောင်  ၊ နိုဝင်ဘာ ၉


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မီးသတ်စခန်းနှင့် (၄) မိုင်ခန့်အကွာရှိ ၂၀ ရပ်ကွက် လှော်ကားလမ်းနှင့် ကန်တော်မင်္ဂလာလမ်းထောင့်၌ နိုဝင်ဘာ (၉) ရက် နံနက် (၇) နာရီ (၁၅) မိနစ်ခန့်တွင် wifi ကြိုးများ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၂၀ ရပ်ကွက် လှော်ကားလမ်းနှင့် ကန်တော်မင်္ဂလာလမ်းထောင့်ရှိ လျှပ်စစ်ဓာတ်တိုင်တွင် သွယ်တန်းထားသော wifi ဝါယာကြိုးများ လျှပ်စစ်စီးဝင်ရာမှ wifi ကြိုးများ အပူလွန်ကဲ၍ wifi ကြိုး ကာဗာများ အရည်ပျော်ပြီး မီးခိုးထွက်ရာမှ အပူလွန်ကဲကာ မီးလောင်ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုအား ကနဦး 3KG မီးသတ်ဆေးဘူး (၂) ဘူးဖြင့် မီးငြှိမ်းသတ်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်မင်းသီဟ ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၆) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂) ဦး၊‌ စုစုပေါင်းအင်အား (၈) ဦးတို့က မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရေဂါလံ (၂၀၀) ဖြင့် ငြှိမ်းသတ်ရာ ၇ နာရီ ၂၄ မိနစ်တွင် မီးငြိမ်းကြောင်း သိရသည်။


နေမျိုးအောင်(ဒဂုံတောင်)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)