သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Woman Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Woman Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပ




သဲကုန်း ၊  နိုဝင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူ (Book Club) ၊ (Woman Club)အဖွဲ့များပူးပေါင်း၍ လူအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က စာရေးဆရာ ဒေါက်တာကျော်ဇောဟိန်း ရေးသားသည့် "တစ်သက်တာ ကျန်းမာရေးအကြံပေး" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာပြီး စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုများ တိုးပွား၍ စာပေချစ်သူများ တစ်ဦးနှင့်တစ်ဦး ပြန်လည်မျှဝေခြင်းဖြင့် ရင်းနှီးမှု ရရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော (Woman Club) အဖွဲ့ဝင် ဒေါ်အိသဥ္ဇာကျော်က မှားယွင်းသောအယူအဆ(၃)မျိုး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်အေးသက်ခိုင်က အသည်းစီပိုးကို ဘယ်လိုကုမလဲ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မသိမ့်သီရိဝေက အဆစ်အမြစ်ရောင်ခြင်း ဘာကြောင့်ဖြစ်တာလဲ  ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်ဝါဝါရွှေက ကင်ဆာကို ဘယ်လိုကုသနိုင်မလဲ ခေါင်းစဥ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ ထပ်မံဖြည့်စွက်၍ အကြံပြု ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

ကိုကျော် 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)