ညောင်ဦး၊ ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း Resourses Venture International Publication မှ (၇) ကြိမ် မြောက် Bagan Race 2025 အပြေးပြိုင်ပွဲကို ဒီဇင်ဘာ ၆ ရက်၊ နံနက် ၆ နာရီက အာနန္ဒာဘုရားကြီးတောင်ဘက်မုခ်မှစတင်၍ တာလွှတ်ကာ Bagan Race 2025 အပြေးပြိုင်ပွဲ ကျင်းပခဲ့သည်။
Bagan Race 2025 အပြေးပြိုင်ပွဲအား ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ၊ RVIPS Publication မှ အုပ်ချုပ်သူ စင်္ကာပူနိုင်ငံသား MR.Argus Ang နှင့်တာဝန်ရှိသူများက တာလွှတ်နိုင်ငံတော်အလံတို့အား ဝှေ့ရမ်းတာလွှတ်ပေးခဲ့ကြောင်း သိရသည်။
Bagan Race 2025 အပြေးပြိုင်ပွဲတွင် သုံးကီလိုမီတာတန်း၊ ငါးကီလိုမီတာတန်းနှင့် တစ်ဆယ်ကီလိုမီတာတန်းတို့ပါဝင်ပြီး သုံးကီလိုမီတာတန်းအပြေး ပြိုင်ပွဲတွင် (၄၀၀) ဦး၊ ငါးကီလိုမီတာတန်း အပြေးပြိုင်ပွဲတွင် (၁၀၀၀) ဦး၊ တစ်ဆယ်ကီလိုမီတာတန်း အပြေးပြိုင်ပွဲတွင် (၂၀၀) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်ကိုဦး၊ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ၊ Resourses Venture International Publication မှ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment