မုံရွာ၊ ဒီဇင်ဘာ ၇
မုံရွာတက္ကသိုလ် တွင် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ် (နေ့သင်တန်း) နှင့် ၂၀၂၄ ပညာသင်နှစ် (အဝေးသင်သင်တန်း) တို့၏ (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကို ဒီဇင်ဘာလ (၆) ရက်နေ့မှစတင်၍ အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပလျှက်ရှိရာ ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်းက ဘွဲ့ရရှိသူများအား ဘွဲ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မုံရွာတက္ကသိုလ်၏ (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား၌ ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ် (နေ့သင်တန်း)တွင် ၄၃၈ ဦးရှိပြီး တက်ရောက်ဘွဲ့ ၂၉၉ ဦး ၊ အဝေးရောက်ဘွဲ့ ၁၃၉ ဦး နှင့် ၂၀၂၄ ပညာသင်နှစ် (အဝေးသင်သင်တန်း) တွင် ၁၀၅၆ ဦးရှိပြီး တက်ရောက်ဘွဲ့ ၅၂၇ ဦး၊ အဝေးရောက်ဘွဲ့ ၅၂၉ ဦး၊ စုစုပေါင်း (၁၄၉၄) ဦးတို့အား ဘွဲ့များ အသီးသီးပေး အပ်ချီးမြှင့်ခဲ့ပြီး ဘွဲ့နှင်းသဘင် အခမ်းအနားကို ဒီဇင်ဘာလ (၆) ရက်နေ့ မှ (၇) ရက်နေ့အထိ အစမ်းလေ့ကျင့်ရက် အပါအဝင် (၂) ရက် ကျင်းပခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment