ပေါင်၊ ဒီဇင်ဘာ ၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှု လက်ကမ်းစာစောင်(၁၅၀)ကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖြန့်ဝေလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ပေါင်မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဈေးများ၊တက္ကဆီဂိတ်များ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်တွင် "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်မရှိပါ” စသောအကြောင်းအရာများသည်။ဆက်လက်၍ မြို့နယ်အတွင်းရှိ ပြည်သူများသို့လည်း ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မွန်မလေး
#MNP #News




ليست هناك تعليقات:
إرسال تعليق