ပန်းတနော်မြို့တွင် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတနော်မြို့တွင် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေပြီး ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ


ပန်းတနော်၊ ဒီဇင်ဘာ ၁၂

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်နိုင်ရေး၊ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိ‌စေရေး၊ မဲ‌ပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသား‌ရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်‌ကြောင်း ပြည်သူအား အသိပညာပေးလှုံ့ဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်တွင် ပန်းတနော်မြို့ လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှ လွဲ၍ အခြားနည်းလမ်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့ ၊နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင် သူရွေးချယ်ကြပါစို့ စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရှိရသည်။

“ဒို့အတူတူ‌မဲပေးကြမယ်” လက်ကမ်းစာစောင်များကို ပန်းတ‌နော်မြို့ ရန်ကုန်-ပုသိမ်ကား လမ်းမကြီး၊ မြို့မစျေးကြီး၊ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့နှင့်မြို့အဝင်လူစည်ကားရာနေရာများ တွင်လည်းကောင်း၊ ခရီးသည်တင်ကားများအား “ဒို့အတူတူ‌မဲပေးကြမယ်” စတေကာကပ်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်ကို မြို့အဝင်ရန်ကုန်-ပုသိမ်ကားလမ်းမကြီးဘေးတွင်လည်းကောင်း စိုက်ထူခဲ့ကြပြီး ထိုကဲ့သို့ဖြန့်ဝေခြင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်ကော်မတီဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။


#MNP #News #2025Election

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)