ဒီဇင်ဘာ - ၁ ( တနင်္လာနေ့ )
ဗြိတိန်ပါလီမန်အမတ်ဟောင်း အပါအဝင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာ နဲ့ အခြားသူ ၁၄ ဦးတို့ကို ဒါကာတရားရုံးက ဒီကနေ့မှာပဲ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ တရားရုံးက အစိုးရဟောင်း အကြီးအကဲ နဲ့အဖွဲ့ဝင်တွေကို မလျော်ဩဇာသုံးစွဲမှု၊ အကျင့်ပျက်ခြစားမှုနှင့် တရားမဝင် မြေယာခွဲဝေ သုံးစွဲမှုများ နဲ့ ပတ်သက်တဲ့ အမှုအများအပြား နဲ့ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။
တရားသူကြီး ရာဘိုင်အာလမ် က ဟာဆီနာ သည် သူမနှင့်သူမ၏မိသားစုအတွက် မြေယာခွဲဝေပေးရန်အတွက် တာဝန်ရှိသူများအား သြဇာလွှမ်းမိုးရန်ကြိုးစားခဲ့ပြီး ၎င်းရဲ့အာဏာကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ ဒါကာ ခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဟာဆီနာရဲ့ ညီမ၊ တူမ နဲ့ ဗြိတိန်အလုပ်သမားပါတီအမတ် ကျူလစ်ဆီဒစ် တို့က ၀န်ကြီးချုပ်ရဲ့ တရားမ၀င်သြဇာလွှမ်းမိုးမှုဖြင့် မြေကွက်များရယူထားသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံမီဒီယာ တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။
ဆီဒစ်က ဆိုရှယ်မီဒီယာပလက်ဖောင်းများမှတစ်ဆင့် ဗြိတိန်ကနေ မြေသိမ်းမှု ဖြစ်စဉ်အပေါ် လွှမ်းမိုးခဲ့ကြောင်း တရားရုံးက တွေ့ရှိခဲ့ပါတယ်။ ဟာဆီနာက ထောင်ဒဏ်၅နှစ်၊ ညီမဖြစ်သူ နဲ့ တူမဖြစ်သူက ထောင်ဒဏ် ၇ နှစ် နဲ့ ဆီဒစ်က ထောင်ဒဏ် ၂ နှစ်နဲ့ ဒဏ်ငွေ ၈၂၁ ဒေါ်လာ တို့ကို ချမှတ်ခဲ့ကြောင်း ပြည်တွင်းနေ့စဉ်သတင်းစာ က ဖော်ပြခဲ့ပါတယ်။ ဒီအမှုမှာ စွပ်စွဲခံရသူ ၁၄ ဦးလုံးကို တစ်ဦး ငါးနှစ်စီ ကျခံစေခဲ့ပါတယ်။ တရားရုံးက ပြစ်ဒဏ်ချမှတ်သူ ၁၇ ဦးမှာ ၁ ယောက်သာ တရားခွင်ထဲမှာ ရှိခဲ့ပါတယ်။
Ref ; UPI
#MNP #News #International

ليست هناك تعليقات:
إرسال تعليق