သံဖြူဇရပ်မြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူး၍ စာဆိုတော်နေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သံဖြူဇရပ်မြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူး၍ စာဆိုတော်နေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်



သံဖြူဇရပ်  ၊ ဒီဇင်ဘာ ၂


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်းမှ ကြီးမှူး၍ စာဆိုတော်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲပိုင်းက ကျိုက္ခမီမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို မြို့နယ်စာရေးဆရာအသင်းနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ကျောင်းသား/သူ များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ကျင်းပရာရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ နန္ဒာမောင် (သံဖြူဇရပ်) က အဖွင့်အမှာစကားပြောကြားပြီး၊ စာရေးဆရာ မင်းချစ်ကွန်း (ဦးမော်နီ) က စာဆိုတော်နေ့အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ မင်းကျော်ဝင်း (ကမာဝက်) က ကဗျာစွမ်းအားခေါင်းစဉ်ဖြင့် အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)