ဒီဇင်ဘာ - ၂ ( အင်္ဂါနေ့ )
အာဖဂန်နစ္စတန်ရှိ ယူကေ အထူးတပ်ဖွဲ့များသည် အာဖဂန်တွင် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် သိရှိထားပေမဲ့ သက်သေအထောက်အထား တိတိကျကျ မထုတ်ဖော်နိုင်သေးပါဘူး။ ဒါပေမဲ့ မနေ့ကတော့ အာဖဂန်နစ္စတန်မှာ အကြမ်းဖက်သမားတွေနဲ့ ပတ်သက်နေတယ်လို့ သံသယရှိသူတွေကို ကွပ်မျက်ခဲ့ကြောင်း ဗြိတိန် အကြီးတန်း အရာရှိဟောင်း တစ်ဦးက လူသိရှင်ကြား စုံစမ်းမေးမြန်းမှုတွင် ပြောကြားခဲ့ပါတယ်။
သက်သေခံချက်မှတ်တမ်းကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းမှု လေးခုအနက်မှ တစ်ခုဖြစ်ပြီး၊ SAS အပါအဝင် UK အထူးတပ်ဖွဲ့ (UKSF) ရဲ့ လုပ်ဆောင်မှုအပေါ် နှစ်ပေါင်းများစွာ စုံစမ်းစစ်ဆေးမှုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ ။ ယခင်က UKSF ဌာနချုပ်မှာ စစ်ဆင်ရေးအတွက် လက်ထောက်ဦးစီးချုပ်ဖြစ်ခဲ့တဲ့ N1466 အဖြစ်သာ သတ်မှတ်ခံခဲ့ရတဲ့ အရာရှိက တပ်ဖွဲ့အတွင်း ပြင်းထန်သော စွပ်စွဲချက်များကို ဖော်ပြခဲ့ပါတယ်။ အာဖဂန်မှာရှိတဲ့ ယူကေတပ်ဖွဲ့ဝင်တွေက တပ်ဖွဲ့ကိုခြိမ်းခြောက်နိုင်ခြင်း နဲ့ တိုက်ခိုက်နိုင်ခြင်းမရှိတဲ့ သက်ကြီးရွယ်အို အမျိုးသားများကို သတ်ဖြတ်ခဲ့တယ် ဆိုတာကို ဝန်ခံခဲ့ပါတယ်။
အဲ့ဒိသတင်းကို ဖွတဲ့ အရာရှိက ယူကေတပ်ဖွဲ့ဝင်တွေက လက်နက်တွေ ရှိတယ်လို့ သတင်းရတဲ့ နေရာတွေမှာ သိမ်းဆည်းရမိတဲ့ လက်နက် အရေအတွက်နဲ့ အသတ်ခံရတဲ့ လူဦးရေက အကွာကြီး ကွာနေတယ်လို့ ပြောပါတယ်။ အဲ့လိုပဲ စီနင်းရှာဖွေမှုနဲ့ ဖမ်းဆီမှုမှာ ရတဲ့လက်နက်နဲ့ ဖမ်းဆီးခံရတဲ့ သူတွေက မယုံနိုင်လောက်အောင် ကွာခြားခဲ့တယ်လို့ ဆိုပါတယ်။ N1466 ရဲ့ အဆိုအရ အထူးတပ်ဖွဲ့ ဒါရိုက်တာတော်တော်များများက အဲ့ဒိ ပြဿနာကို သိရှိခဲ့ပြီး ဖြေရှင်းဖို့နဲ့ တားမြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ “အခြားဒါရိုက်တာတွေမှာလည်း ပြဿနာရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိပါတယ်” ၎င်းက ဆိုပါတယ်။
အဲ့ဒိပြဿနာတွေကို တပ်ဖွဲ့ယူနစ်အချင်းချင်း ပြိုင်ဆိုင်မှုအဖြစ် သဘောထားပြီး ဘေးဖယ်ခဲ့ကြပါတယ်။ “သက်သေအထောက်အထားများ ဖျောက်ဖျက်လိုက်ပြီး မထီမဲ့မြင်ပြုနေတာပါ ။ ဒီလိုအပြုအမူမျိုးအတွက် UKSF ကမပါခဲ့ပါဘူး ။ ကလေးတွေကို အိပ်ရာပေါ်မှာ ပစ်သတ်တာ ဒါမှမဟုတ် ကြုံသလို သတ်ပစ်တာ အဲ့ဒါတွေကို ခင်ဗျားတို့သိပါသလား ။ အဲဒါက အထူးအဆန်းမဟုတ်သလို ဒါကြီးကို သမားရိုးကျလိုလုပ်ပစ်တယ်။ အဲ့လိုလုပ်တာက ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ရှင်သန်နိုင်ဖို့အတွက် လုပ်နေတာမဟုတ်ပါဘူး” လို့ ပြောသွားပါတယ်။ ယူကေစစ်တပ်သည် ၂၀၀၁ ခုနှစ်တွင် အမေရိကန်ဦးဆောင်သော အာဖဂန်နစ္စတန်ကို ကျူးကျော်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အခြားနေတိုးတပ်များနှင့်အတူ ဆုတ်ခွာခဲ့ပါတယ်။
REF: RT
#MNP #News #International

ليست هناك تعليقات:
إرسال تعليق