ချင်းမိုင်၊ ဒီဇင်ဘာ ၂
ထိုင်းနိုင်ငံ မြောက်ပိုင်းခရိုင်များတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ အနေဖြင့် ၂၈-၁၂-၂၀၂၅ ရက် (တနင်္ဂနွေနေ့) ၌ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲပေးခြင်း (ပထမနေ့) ကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တွင် ၁-၁၂-၂၀၂၅ ရက် (တနင်္လာနေ့)၊ ၀၉ ၃၀ နာရီ အချိန်မှ ၁၆ ၃၀ နာရီအချိန်အထိ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း က မဲရုံမှူးအဖြစ် ကြီးကြပ်ဆောင်ရွက်၍ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲလက်မှတ်များကို စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့သည်။
ကြိုတင်ဆန္ဒမဲပေးခြင်းအား ၁-၁၂-၂၀၂၅ ရက်မှ ၄-၁၂-၂၀၂၅ ရက်အထိ (၄)ရက်တိုင် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#MNP #News #2025Election




ليست هناك تعليقات:
إرسال تعليق