ဒွန်းညက်ပြည်သူ့သမ္မတ နိုင်ငံကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒွန်းညက်ပြည်သူ့သမ္မတ နိုင်ငံကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်


ဒီဇင်ဘာ - ၂ ( အင်္ဂါနေ့ ) 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒွန်းညက်ပြည်သူ့သမ္မတနိုင်ငံရှိ ခရာစ်နိုအာမိစ် မြို့ ရဲ့အဓိကထောက်ပံ့ ပို့ဆောင်ရေး ဗဟိုချက်တွင် လုပ်ဆောင်နေသော ရုရှားတပ်ဖွဲ့များရဲ့ ရှေ့တန်းဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။ 

နိုဝင်ဘာ ၃၀ ရက်က ကွပ်ကဲမှုဌာနချုပ်သို့ သွားရောက်ခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်အား ရုရှားစစ်ဦးစီးချုပ် ဗေလာရီ ဂီရာဆီမော့ က ယူကရိန်းနိုင်ငံ ခါကော့ဗ် ဒေသရှိ ဗော်ချန်မြို့ကို ရုရှားတပ်ဖွဲ့များ အပြည့်အဝထိန်းချုပ်မှု လိုက်နိုင်ပြီလို့ ပြောကြားခဲ့ပါတယ်။ 

ဝန်ကြီးဌာနကပြသတဲ့ ဗီဒီယိုဖိုင်တွင် ရုရှား တပ်ဖွဲ့ဝင်များနဲ့ ပူးပေါင်းအဖွဲ့မှ စစ်သားများက ခရာစ်နိုအာမိစ်မြို့ က အဆောက်အအုံများကို  ရှင်းလင်းရေးလုပ်နေတာကို တွေ့မြင်ရပါတယ်။ 

အဲ့ဒိမြို့က လူနေအဆောက်အအုံများသလို အဓိကရထားလမ်း လမ်းဆုံတစ်ခုဖြစ်တာမို့လို့  အရေးကြီးတဲ့ ထောက်ပံ့ပို့ဆောင်ရေး အချက်အချာတစ်ခု ဖြစ်ပါတယ်။ မြို့ထဲမှာရှိတဲ့ ယူကရိန်းတပ်ဖွဲ့များကို ရုရှားတပ်တွေက ရက်သတ္တပတ်များစွာကြာအောင် ဝိုင်းရံထားခဲ့ပြီးနောက်မှာတော့ မြို့ကိုစွန့်သွားပြီဖြစ်လို့ ယခုအခါ ရုရှားစစ်တပ်တွေရဲ့ ထိန်းချုပ်မှုအောက်ကိုရောက်သွားပြီဖြစ်ကြောင်း ကရင်မလင်နန်းတော်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ 

ဇာပိုရိုဇီ ဒေသမှာလည်း ယူကရိန်းတပ်တွေကို တဖြည်းဖြည်းချင်း နှင်ထုတ်နေကြောင်းနဲ့ နောက်လအနည်းငယ် အတွင်း ယူကရိန်းခံတပ်တွေကို သိမ်းပိုက်နိုင်တော့မယ်လို့ ဂီရာဆီမော့ က သမ္မတဆီကိုရေးတင်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။ 

ယူကရိန်းပဋိပက္ခအတွက် သံတမန်နည်းအရ ဖြေရှင်းချက်ကို ပိုမိုနှစ်သက်ကြောင်း ကရင်မလင်နန်းတော်က ဆက်လက်ထိန်းသိမ်းထားပေမဲ့ ယူကရိန်းဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အပေးအယူလုပ်ရန် ငြင်းဆိုထားတာကြောင့် စစ်ရေးအရ တွန်းအားပေးသွားမယ်လို့ သမ္မတ ပူတင်က ပြောကြားခဲ့ပါတယ်။ 


REF: RT

#MNP #News #International

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)