ကြံခင်းမြို့၊ ထားဝယ်ကြီးကျောင်းတိုက်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပါရမီဓမ္မစကူးလ် သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့၊ ထားဝယ်ကြီးကျောင်းတိုက်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပါရမီဓမ္မစကူးလ် သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ




ကြံခင်း  ၊ ဒီဇင်ဘာ ၈


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်ရှိ စံရာတိုက် ထားဝယ်ကြီး ကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပါရမီဓမ္မစကူးလ် သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ရာ မြို့နယ်ဓမ္မစကူးလ် ကော်မတီဥက္ကဋ္ဌ ဆရာတော်နှင့် ကော်မတီဆရာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ပညာရေးမှူးရုံးမှ လ/ထပညာရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သင်တန်း နည်းပြဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ အလှူရှင်များ တက်ရောက် ချီးမြှင့်ကြသည်။

အခမ်းအနားကို ပင့်ဖိတ်ထားသော ဆရာတော်ကြီးများနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ဘုရားကန့်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ မြို့နယ်ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ သရက်တစ်ပင် ကျောင်း ဆရာတော် ဘဒ္ဒန္တကုမာရက ဩဝါဒစကားမြတ်ကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား အတန်းပြီးဆုံးကြောင်း ဂုဏ်ပြုလက်မှတ်နှင့် ထူးချွန်ဆုများအား တာဝန်ရှိသူများ က အသီးသီးပေးအပ်ကြပြီး၊ ထားဝယ်ကြီးကျောင်းတိုက်ဆရာတော်က သင်ကြားရေးဆရာများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ရာ ဆရာ၊ ဆရာမများက လက်ခံရယူကြသည်။ ထို့နောက် သင်တန်းကာလအတွင်း အဟာရဒါနလှူဒါန်းကြသော အလှူရှင်မိသားစုတို့အား တာဝန် ရှိသူများက ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ကြပြီးနောက် ပါရမီဓမ္စကူးလ်ကော်မတီဥက္ကဋ္ဌ ဦးအေးငြိမ်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများအား ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပထမပိုင်းပြီးမြောက်ခဲ့သည်။ ဆက်လက်ပြီး ဒုတိယပိုင်း ဖျော်ဖြေရေးအစီအစဉ်များဖြင့် ပါရမီဓမ္မကူးလ် ကျောင်းသား၊ ကျောင်းသူ များက ဖျော်ဖြေကပြပေးခဲ့ကြကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)