ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ပဲခူးတိုင်းဒေသကြီး( အနောက်ပိုင်း) ပေါက်ခေါင်းမြို့ရှိ မြို့မိမြို့ဖများ၊ ပါတီဝန်းရံသူများ၊ ဖိတ်ကြားထားသူများနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ပဲခူးတိုင်းဒေသကြီး( အနောက်ပိုင်း) ပေါက်ခေါင်းမြို့ရှိ မြို့မိမြို့ဖများ၊ ပါတီဝန်းရံသူများ၊ ဖိတ်ကြားထားသူများနှင့်တွေ့ဆုံ








ပဲခူး၊ ဒီဇင်ဘာ ၁

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်းသည် ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထူးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမြင့်သူတို့နှင့်အတူ ၂၀၂၅ ခုနှစ်‌၊ နိုဝင်ဘာလ ၃၀ ရက်နေ့‌တွင် ပေါက်ခေါင်းမြို့၌ မြို့မိမြို့ဖများ၊ ပါတီဝန်းရံသူများ ဖိတ်ကြားထားသူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဒုတိယဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်လောင်းများသည် မြို့မိမြို့ဖများအား မိတ်ဆက်အပ်နှံပြီး  တက်ရောက်လာကြသူများနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များ၊  ဒေသဖွံ့ဖြိုးရေးကိစ္စများတွင် ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


#MNP #News #USDP #2025Election

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)