မြောင်းမြမြို့တွင် ဒဿမအကြိမ်မြောက်စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောင်းမြမြို့တွင် ဒဿမအကြိမ်မြောက်စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပေးအပ်



မြောင်းမြ  ၊ ဒီဇင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၊ မြကျွန်းရွှေဝါခန်းမ၌ကျင်းပသည့် ဒဿမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပထမနှစ်မှ တတိယနှစ်အထိ တန်းစဉ်ပေါင်း ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

 အဆိုပါစိုက်ပျိုးရေး ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲတွင် ကျောင်းဆင်းဦးရေ (၁၆၂) ဦးရှိပြီး၊ ဘွဲ့တက်ရောက်ဦးရေ (၁၃၉) ဦးနှင့် အဝေးရောက်ဘွဲ့ဦးရေ (၂၃) ဦးရှိကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)