ရေဦးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဦးမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ



ရေဦး  ၊ ဒီဇင်ဘာ ၁၅

၂၀၂၅ ခုနှစ်၊‌ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သတိပြုလိုက်နာရမည့်အချက်များအား ပြည်သူများသိရှိနိုင်စေရန်ရည်ရွယ်ပြီး ရေဦးမြို့တွင်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပိုစတာများ‌ကပ်ထားကြေညာခြင်းကို ယနေ့နံနက် ၀၈:၀၀ နာရီက ရေဦး-မကျီးတောလမ်းတွင် စုပေါင်းဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဖြန့်ဝေရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက ဦးဆောင်ပြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များပါ၀င်‌သော ပူးပေါင်းအဖွဲ့က လမ်းသွားလမ်းလာများ၊ ခရီးသွားပြည်သူများအား ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့်နေ့ရက်များနှင့် MEVM မဲပေးစက်အသုံးပြုနည်း၊ ဆန္ဒမဲပေးပုံအဆင့်ဆင့်ဆန္ဒမဲပေးရာ၌သိရှိလိုက်နာရမည့်အချက်များ၊ သတိပေးတားမြစ်ချက်များ စသည့်သိကောင်းစရာများပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ‌ပေးခဲ့ကြ‌ကြောင်း သိရသည်။

ထို့နောက်ပူးပေါင်းအဖွဲ့သည် မြို့ပေါ်ရပ်ကွက်ရုံးများ၊‌ ဆေးရုံနှင့် အခြားလူစည်ကားရာ နေရာများတွင် အသိပညာပေးပိုစတာများ ကပ်ပေးခဲ့ကြကြောင်း သိရသည်။


သန်းသန်း

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)