ဒီဇင်ဘာ - ၂ ( အင်္ဂါနေ့ )
အင်ဒိုနီးရှား၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ခဲ့တဲ့ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူဦးရေဟာ ၁၃၀၀ ကျော် တိုးလာခဲ့ပြီး လူ ၉၀၀ နီးပါး ပျောက်ဆုံးနေတာကြောင့် အသက်ရှင်ကျန်ရစ်သူတွေကို လက်လှမ်းမီသလောက်ကယ်ဆယ်နိုင်ရန်နဲ့ သေဆုံးသူတွေရဲ့အလောင်းတွေ ထပ်မံဆယ်ယူဖို့ အရေးပေါ် ကယ်ဆယ်ရေးသမားတွေက ဒီကနေ့အထိ လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။
မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းပြီး ရက်ပိုင်းအတွင်း နေရာအများအပြား ရေနစ်မြုပ်ကာ လူထောင်ပေါင်းများစွာ ဟာ ရေနစ်အိမ်တွေမှာ သောင်တင်နေခဲ့ရပါတယ်။ အများအပြားက အိမ်ခေါင်မိုးများနှင့် သစ်ပင်များပေါ်တွင် အကူအညီ စောင့်ဆိုင်းနေရပါတယ်။
ရေကြီးမြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၃၃၈ ဦး သေဆုံးခဲ့ပြီး အင်ဒိုနီးရှားတွင် ၇၄၄ ဦး၊ သီရိလင်္ကာတွင် ၄၁၀ ဦး၊ ထိုင်းနိုင်ငံတွင် ၁၈၁ ဦးနှင့် မလေးရှားတွင် ၃ ဦးရှိကြောင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။ သီရိလင်္ကာသမ္မတ ကတော့ သူ့နိုင်ငံမှာ သေဆုံးသူအရေအတွက် အတိအကျကို ဆုံးဖြတ်ဖို့ စောလွန်းတယ်လို့ ပြောပါတယ်။
အဆိုးရွားဆုံး နဲ့ အထိခိုက်ဆုံးနိုင်ငံကတော့ အင်ဒိုနီးရှားဖြစ်ပြီး လမ်းများ မျောပါသွားကာ တံတားများ ပြိုကျနေတာကြောင့် ဆူမာတြားကျွန်းရှိ ကျေးရွာများသို့သွားရောက်နေတဲ့ ကယ်ဆယ်ရေးသမားများက ရုန်းကန်နေကြရပါတယ်။ အနည်းဆုံး လူ ၅၅၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှားအမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီက ပြောကြားခဲ့ပါတယ်။ ရဟတ်ယာဉ်များနှင့် လှေများကို တပ်ဖြန့်ချထားသော်လည်း ရာသီဥတုဆိုးရွားမှုနှင့် ပျက်စီးနေတဲ့ အခြေခံအဆောက်အအုံများကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ နှေးကွေးနေကြောင်း တာဝန်ရှိသူများက သတိပေးထားပါတယ်။
ဆူမားတြားမြောက်ပိုင်းတွင် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် ခုတ်လှဲပြီး သစ်လုံးကုဗမီတာ သန်းပေါင်းများစွာ ရေမျောသွားကြောင်း နဲ့ မြေအောက်ထဲကို ရောက်သွားကြောင်း သိရပါတယ်။ တရားမဝင်သစ်ခိုးထုတ်မှုများ ကြောင့် အခုလို သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာဖို့အတွက် အထောက်အကူဖြစ်နိုင်ပြီး ပြည်သူများ၏ စိုးရိမ်မှုကို ဖြစ်ပေါ်စေတယ်လို့ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
REF: Myjournalcourier
#MNP #News #International



ليست هناك تعليقات:
إرسال تعليق