Pages

Pages

ပုဇွန်တောင်မြို့နယ်တွင် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များ ဖြန့်ဝေ





ပုဇွန်တောင်၊ ဒီဇင်ဘာ ၁

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်း စာစောင်များအား ယနေ့နေ့လယ်(၂)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ဈေးဆိုင်များ၊ လူစည်ကားသည့်နေရာများနှင့် ရပ်ကွက်များအတွင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို  မြို့နယ်အတွင်းရှိ ပြည်သူများအား လက်ဝယ်အရောက်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ လက်ကမ်းစာစောင်တွင် "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန် သောအနာဂတ်ဆီသို့" ဆောင်ပုဒ်နှင့်အညီ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက် ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့်  ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင် နိုင်သူ ရွေးချယ်ကြပါစို့" စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။


ဟန်စုယဉ်

#News #Yangon #Myanmar #2025Election

ليست هناك تعليقات:

إرسال تعليق