မိုင်းဆတ်မြို့၌ မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းနှင့် မဲရုံခင်းကျင်းခြင်း သရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်မြို့၌ မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းနှင့် မဲရုံခင်းကျင်းခြင်း သရုပ်ပြပွဲကျင်းပ



မိုင်းဆတ်  ၊ ဒီဇင်ဘာ ၁၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲပေးစက်ကိုင်တာဝန်ထမ်းဆောင်မည့်သူများအား မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းနှင့် မဲရုံခင်းကျင်းခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲရုံတာဝန်ထမ်းဆောင်မည့်သူများ သွားလာနေထိုင်စားသောက်ရေးနှင့် မဲပေးစက်များ သယ်ယူပို့ဆောင်ပေးမည့်အစီအမံများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးအောင်တင်ဝင်းနှင့် တာဝန်ရှိသူတို့က မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲပေးစက်ကိုင်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲပေးစက်တည်ဆောက်ပုံနှင့် တပ်ဆင်အသုံးပြုပုံ၊ စမ်းသပ်မဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံတို့ကို ရှင်းလင်းပြောကြားပြီး မဲရုံခင်းကျင်းခြင်းကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)