ပုဇွန်တောင် ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေး အသိပညာပေး လှုံ့ဆော်မှု(Campaign)များကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ပြည်သူများ လက်ဝယ်အရောက် ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုရွေးကောက်ပွဲအောင်မြင်ရေး အသိပညာပေးလှုံ့ဆော်မှု(Campaign)များ ဆောင်ရွက်ရာတွင် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်ရေး လက်ကမ်းစာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရပ်ကွက်များ၊ ဈေးဆိုင်များ၊ လူစည်ကားရာ ကား မှတ်တိုင်များ၊ ဈေးများ စသည့်နေရာများတွင် ပြည်သူများလက်ဝယ်အရောက်(အခမဲ့) ဖြန့်ဝေပေး ခဲ့ပြီး “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုစတေကာများကိုလည်း မြို့နယ်အတွင်း ဖြတ်သန်းသွားလာလျက်ရှိသည့် YBS ကားများတွင် လိုက်လံကပ်နှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှု(Campaign)များ ဆောင်ရွက်ခြင်းကို မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဦးဇော်မိုးအောင်၏လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ဟန်စုယဥ်

ليست هناك تعليقات:
إرسال تعليق