စဉ့်ကိုင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး door to door စနစ်ဖြင့် မြေပြင် ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကိုင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး door to door စနစ်ဖြင့် မြေပြင် ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး



စဉ့်ကိုင်  ၊ ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာထားရှိမှုနှင့်ပတ်သက်၍ ပြည်သူများ၏ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံနိုင်ရေး door to door စနစ်ဖြင့် ယမန်နေ့ နံနက်  ၉ နာရီက မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်‌ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး/ရာအိမ်မှူးများက ပူးပေါင်း‌ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်‌ရေး စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာအုပ်စု (၁၅)အုပ်စု အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများစာရင်းများအား မှန်ကန်စွာပြုစုနိုင်ရေး မဲစာရင်းတွင် ပါဝင်နိုင်ရေး မဲစာရင်း အတိုး/အလျော့များ၊ စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ စာရင်းကျန်ရှိမှုမရှိစေရေး၊ စာရင်းကွာဟမှု မရှိစေရေး တစ်အိမ်တက်ဆင်း မဲစာရင်းကောက်ယူပြုစုခဲ့ရာ မဲစာရင်းတွင် မပါဝင်သည့် လူဦးရေ (၁၅)ဦး တွေ့ရှိရသဖြင့် သတ်မှတ်ပုံစံ(၃)ဖြင့် သက်ဆိုင်ရာရပ်ကွက်‌/ကျေးရွာ ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့များတွင် လျှောက်ထားနိုင်ရေး ဖြည့်ဆည်း‌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကျော်စွာ(စဉ့်ကိုင်)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)