ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မဲစာရင်းများမှန်ကန်စေရေးနှင့် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေး တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မြေပြင်ကွင်းဆင်းဆက်လက်ကောက်ယူ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မဲစာရင်းများမှန်ကန်စေရေးနှင့် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေး တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မြေပြင်ကွင်းဆင်းဆက်လက်ကောက်ယူ




ဒဂုံဆိပ်ကမ်း ၊  ဒီဇင်ဘာ ၂


၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး၊ မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် မြို့နယ်မဲစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မြေပြင်ကွင်းဆင်းကောက်ယူ​ခြင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ မြေပြင်ကွင်းဆင်းကောက်ယူရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်​​ကော်မတီအဖွဲ့ဝင် ဒေါ်ရတနာဝင်းဦးဆောင်သော မြို့နယ်မဲစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ (၁)မှ အမှတ် (၆၀၊ ၆၁၊ ၆၇၊ ၇၃၊ ၇၇၊ ၇၈) ရပ်ကွက်များသို့လည်းကောင်း၊ မြို့နယ်စီမံခန်းခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်မိုးကြည်ဦးဆောင်သော အဖွဲ့(၂)မှ အမှတ် (၅၈၊ ၅၉၊ ၇၉၊ ၉၄) ရပ်ကွက်များသို့လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ် ဦးဆောင်သောအဖွဲ့ (၃) မှ အမှတ် (၈၀၊ ၈၁၊ ၈၂၊ ၈၃၊ ၈၄၊ ၆၈၊ ၆၉) ရပ်ကွက်များသို့လည်းကောင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်သန့်ဇင်ဦးဆောင်သော အဖွဲ့ ( ၄) မှ အမှတ် (၈၅၊ ၈၆၊ ၈၇၊ ၈၈) ရပ်ကွက်များသို့လည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်သန်းသန်းချိုဦးဆောင်သောအဖွဲ့ (၅) မှ အမှတ် (၈၉၊ ၉၁၊ ၁၆၈၊ ကျီစု (အရှေ့) ရပ်ကွက်/ ကျေးရွာများသို့လည်းကောင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးပြည့်ဖြိုးထွေး ဦးဆောင်သော အဖွဲ့ (၆) မှ အမှတ် (၉၀၊ ၉၂၊ ၉၃၊ ၉၈) ရပ်ကွက်များသို့လည်းကောင်း၊ မြို့နယ်စာရင်းစစ်မှူး ဒေါ်အေးကြည်ဦးဆောင်သော အဖွဲ့(၇) မှ ညောင်ပင်၊ ဒလဘမ်းနှင့် သရက်ပင်ချောင်ကျေးရွာများသို့လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြေပြင်စာရင်းကောက်ခံရေးအဖွဲ့မှ ကောက်ခံသည့် စာရင်းများအား မဲစာရင်းတွင်ပါဝင်မှု ရှိ/ မရှိ၊ မဲစာရင်းတွင် မပါဝင်သူများအား မဲစာရင်းထည့်သွင်းနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်မဲစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါတစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို နိုဝင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဖြိုးစန္ဒာ 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)