ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် အသုံးပြုမည့် MEVM မဲပေးစက်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် အသုံးပြုမည့် MEVM မဲပေးစက်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ရောက်ရှိ




ဒေါပုံ ၊ ဒီဇင်ဘာ ၃၀


ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်များ ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ရောက်ရှိကြောင်း သိရသည်။

အဆိုပါ MEVM မဲပေးစက်များကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်နှင့် ရခိုင်တိုင်းရင်းသားမဲဆန္ဒနယ်များ၏ ဆန္ဒမဲပေးရာတွင် အသုံးပြုမည်ဖြစ်ပါသည်။ ဒေါပုံမြို့နယ်တွင် မဲရုံစုစုပေါင်း (၃၈) ရုံရှိရာ အရန်မဲပေးစက်အပါအ၀င် MEVM မဲပေးစက် (၂၀၁) လုံး အသုံးပြုသွားမည်ဖြစ်ပြီး မဲပေးစက်များကို ဒီဇင်ဘာ ၃၁ ရက်နေ့နှင့် ဇန်နဝါရီ ၁ ရက်နေ့များတွင် နည်းပြများနှင့် စက်ကိုင်တာ၀န်ထမ်းဆောင်မည့်သူများက တပ်ဆင်သွားမည်ဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၉ ရက်နေ့တွင် မဲရုံများအလိုက် မဲပေးစက်များ အဆင်သင့်အသုံးပြုနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမည်ဖြစ်ကြောင်း သိရသည်။


ချစ်စုဝေ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)