စပိန်က ရွှေ့ပြောင်း ၁သန်းခွဲလောက် လက်ခံဖို့ ပြင်နေပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

စပိန်က ရွှေ့ပြောင်း ၁သန်းခွဲလောက် လက်ခံဖို့ ပြင်နေပြီ


ဇန်နဝါရီ - ၂၈ ( ဗုဒ္ဓဟူးနေ့ ) 

ဥရောပတိုက်တစ်ဝှမ်းတွင် တရားမဝင် ရွှေ့ပြောင်းတွေနဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးကို ဆန့်ကျင်ရေး စိတ်ဓာတ်များ ကြီးထွားလာနေချိန်မှာ စပိန်အစိုးရက အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ တစ်သန်းခွဲခန့်ကို တရားဝင်ခွင့်ပြုပေးမယ့် အမိန့်ကို အတည်ပြုလိုက်ပါတယ်။ 

မနေ့က အစိုးရအဖွဲသည် ဧပြီလတွင် စတင်အသက်ဝင်မယ်လို မျှော်လင့်ရတဲ့ အဆိုပါအမိန့်ကို ၂၀၂၅ ခုနှစ်မကုန်မီ အနည်းဆုံးငါးလအတွင်း စပိန်တွင်နေထိုင်ကြောင်း သက်သေပြနိုင်တဲ့ နိုင်ငံခြားသားများအား တစ်နှစ်နေထိုင်ခွင့် နဲ့ အလုပ်လုပ်ခွင့်ကို ပေးအပ်မယ်လို ဆိုပါတယ်။ 

ဝန်ကြီးချုပ် ပီထရိုဆန်ချက်ဇ် ရဲ့ ဆိုရှယ်လစ်များနှင့် အခြားလက်ဝဲယိမ်းပါတီ ပိုဒီမော့စ် တို့ရေးထားတဲ့ အဲ့ဒိဥပဒေက အတိုက်အခံတွေများတဲ့ လွှတ်တော်မှာ အောင်နိုင်သွားပါတယ်။ အစိုးရက လုပ်သားအင်အား ရှားပါးမှု နဲ့ စပိန်နိုင်ငံရဲ့ သက်ကြီးရွယ်အိုဦးရေကို ကိုင်တွယ်ဖြေရှင်းရန် မူဝါဒ လိုအပ်လို့ အဲ့လို လုပ်တာလို့ ဆိုပါတယ်။ 

ဆန်းချက်ဇ်ကတော့ စပိန်နိုင်ငံအနေနဲ့ “ချို့တဲ့ပြီး ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေက လူတွေ”ကို  “သာယာဝပြောရေး အတွက် ဖွင့်ပေးလိုက်တာ” ပါလို့ ပြောပါတယ်။ 

အတိုက်အခံခေါင်းဆောင်များသည် ပြင်းထန်သော ရှုတ်ချမှုဖြင့် တုံပြန်ခဲ့ပြီး ယင်းလှုပ်ရှားမှုကို နိုင်ငံရေးအရ လှုံ့ဆော်မှုနှင့် တာဝန်မဲ့မှုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ လူကြိုက်များသောပါတီ (PP) ခေါင်းဆောင် ဖီဂျိုး က ဆန်းချက်ဇ်အား လူပေါင်းဒါဇင်နှင့်ချီ သေဆုံးစေခဲ့တဲ့ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့  ခရီးသည်တင် ရထားမတော်တဆမှု ဆက်တိုက်ဖြစ်ပွားပြီးနောက် တိုးပွားလာတဲ့ နိုင်ငံရေးအကျပ်အတည်းကို အာရုံလွှဲဖို့အတွက် ကြိုးစားနေတာလို့ စွပ်စွဲခဲ့ပါတယ်။ တရားမဝင်ရွှေ့ပြောင်းတွေကို အစုလိုက်အပြုံလိုက် လက်ခံတဲ့ကိစ္စကို ရှုတ်ချပြီး ၎င်းရဲ့ပါတီ အာဏာရလာပါက ဖျက်သိမ်းပစ်မယ်လို့ ကြုံးဝါးထားပါတယ်။


REF: RT 

#MNP #News 

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)