ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး



နေပြည်တော်၊ ဇန်နဝါရီ ၃၀

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ညနေပိုင်းတွင် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပမည့် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1)သို့ သွားရောက်ကြည့်ရှု၍ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စများကို ဆွေးနွေးမှာကြားသည်။

ပြည်ထောင်စုဝန်ကြီးသည် မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် ဆောင်ရွက် လျက်ရှိသော ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားမုခ်ဦးတည်ဆောက်မှု၊ ဂုဏ်ပြုခံလျှောက်လမ်း(Red Carpet) တည်ဆောက်မှု၊ မီဒီယာများနှင့်ရုပ်မြင်သံကြားအတွက် နေရာချထားမှု၊ အခမ်းအနားအစီအစဉ်နှင့် စင်မြင့် တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ LED နှင့် အလင်းပေးစနစ်၊ အသံစနစ်များ စီစဉ်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အခမ်းအနားသို့ အနုပညာရှင်များ အဆင်ပြေစွာတက်ရောက်နိုင်ရေးနှင့် အခမ်းအနားအစီအစဉ်များကို စနစ်တကျစီစဉ်ကျင်းပနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။    


#News #MNP 

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)