ဇန်နဝါရီ - ၂၉ ( ကြာသပတေးနေ့ )
ကမ္ဘာ့အကြီးဆုံး အွန်လိုင်းအရောင်းဆိုင်ကြီးဖြစ်တဲ့ အမေဇုံကုမ္ပဏီက လုပ်ငန်းကို အေအိုင် ( ဥာဏ်ရည်တု) နဲ့ လုပ်ကိုင်တော့မှာ ဖြစ်လို့ ကုမ္ပဏီကို ပြန်လည်ဖွဲစည်းရန် ဒုတိယအကျော့ အလုပ်ဖြုတ်မှုတွင် အလုပ်အကိုင် ၁၆၀၀၀ ခန့် ဖြတ်တောက်မည်ဖြစ်ကြောင်း ကုမ္ပဏီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။
၂၀၂၅ခုနှစ် အောက်တိုဘာလ ပထမအကြိမ် အလုပ်ရပ်စဲခံရစဉ်က ဝန်ထမ်း ၁၄,၀၀၀ ကို ထိခိုက်ခဲ့ပါတယ်။ ယခုအကြိမ် ထုတ်လိုက်ပါက ၂ကြိမ်ပေါင်း အလုပ်ထုတ်ခြင်းက ကုမ္ပဏီရဲ့ ရုံးဝန်ထမ်းအင်အား ၁၀ ရာခိုင်နှုန်းခန့် ပြုတ်သွားမှာဖြစ်ပါတယ်။
အမေဇုံက “လုပ်ငန်းခွင် အလွှာများကို လျှော့ချခြင်း၊ ပိုင်ဆိုင်မှုကို တိုးမြှင့်ခြင်းနှင့် ဗျူရိုကရေစီကို ဖယ်ရှားခြင်းဖြင့် ကျွန်ုပ်တို၏ အဖွဲ့အစည်းကို အားကောင်းစေရန် လိုအပ်ကြောင်း နဲ့ အလုပ်ထုတ်ခြင်းကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။ နည်းပညာကုမ္ပဏီကြီးသည် "ကျွန်ုပ်တို့၏အနာဂတ်အတွက် အရေးကြီးသော မဟာဗျူဟာမြောက် နယ်ပယ်များနှင့် လုပ်ငန်းဆောင်တာများတွင် ဆက်လက်ငှားရမ်းခြင်းနှင့် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း" ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ်မှစတင်၍ နည်းပညာကုမ္ပဏီကြီးသည် အိုးပင်အေအိုင်၊ ဂူဂဲလ်၊ မိုက်ခရိုဆော့ဖ်၊ မက်တာ နဲ့ အခြား နည်းပညာကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရန်အတွက် ၎င်းရဲ့အခြေခံအဆောက်အအုံကို တည်ဆောက်ခြင်းဖြင့် အမေရိကားတွင် ဒေတာစင်တာလေးခုကို ဒေါ်လာ ဘီလီယံ ၄၀ အကုန်ကျခံပြီး တည်ဆောက်ဖို့ စီစဉ်ထားပါတယ်။
အမေရိကန်အခြေစိုက် ကော်ပိုရေးရှင်းဖြစ်သည့် UPS ရဲ့ ကြေငြာချက်တွင် အမေဇုံနှင့် ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ခြင်းကြောင့် အလုပ်သမား ၃ သောင်း ကို ထပ်မံလျှော့ချမယ်လို့ ပြောကြားပြီး တစ်ရက်အကြာတွင် အဆိုပါ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ UPS ပို့ဆောင်ရေးကုမ္ပဏီသည် ယမန်နှစ်က အလုပ်အကိုင် ၆၂,၀၀၀ ကို ဖယ်ရှားခဲ့ပြီး ဖြစ်ပါတယ်။
REF: RT
#MNP #News

ليست هناك تعليقات:
إرسال تعليق