ပေါင်းတည်၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်းတည်၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေး


ပေါင်းတည်  ၊ ဇန်နဝါရီ ၃၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့က မြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးကော်မတီဥက္ကဋ္ဌ ကိုယ်စား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်က ကာကွယ်ဆေးထိုးနှံခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်က ကျေးလက်ဒေသများ၌ ကာကွယ်ဆေးထိုးနှံခြင်း အောင်မြင်မှုရာခိုင်နှုန်းများနှင့် ကာကွယ်ဆေးရရှိမှု အခြေအနေများကိုလည်းကောင်း၊ တိုက်နယ်ကျန်းမာရေးမှူးများနှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကိုလည်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရွှေသား

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)