မကွေး ၊ ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်မှ ဆရာတော်ကြီးများ၊ ထေရ်ကြီးဝါကြီး၊ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာတော်ကြီးများအား မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တိုင်းပြည်သူ့ဆေးရုံကြီး(မကွေး)၌ ဆောင်ရွက်ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကုသိုလ်ယူအခမဲ့ဆေးကုသပေးနေမှုအား လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆေးကုသပေးရာတွင် မကွေးတိုင်းပြည်သူဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကိုကို နိုင်၏ ဦးဆောင်မှုဖြင့် နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိအထူးကုဆရာဝန်ကြီးများ၊ အထွေထွေ ရောဂါကုသမားတော်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက မကွေးတိုင်းအတွင်းရှိ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအပါအဝင် သီလရှင်များအား ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ဆေးဝါးကုသခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးခြင်းနှင့် ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော ဆရာတော်သံဃာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား မကွေးတိုင်းပြည်သူ့ဆေးရုံကြီးနှင့် သင်ကြားရေးဆေးရုံကြီးတို့၌ တက်ရောက်ကုသနိုင်ရေး ဆောင်ရွက်ပေးပြီး၊ ဆရာတော်သံဃာ့တော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်၍ လှူဖွယ်ဝတ္တူများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်ဆောင်ပေးမှုဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အထွေထွေရောဂါကု ဆေးရုံကြီးများ၌ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား အခမဲ့ဆေးဝါးကုသပေးခြင်းများအပြင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများကိုလည်း အခမဲ့ဆေးဝါးကုသပေးခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မောင်ခိုင်မင်း
https://t.me/MyanmarNationalPost
ليست هناك تعليقات:
إرسال تعليق