Pages

Pages

ကျွန်းလှမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံဧက ၃၅၀၀၀ ကျော် စိုက်ပျိုးပြီးစီး



ကျွန်းလှ ၊  ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံဧက ၃၅၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ်ဆောင်းသီးစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၃၄၈၆၄ ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိအချိန်ထိ ၃၅၂၈၀ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်ရရှိရေးဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းသရုပ်ပြပွဲများပြုလုပ်ခြင်း၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ စနစ်တကျအချိန်ကိုက်သုံးစွဲရေးနှင့် ပိုးမွှားကျရောက်မှု ကင်းစင်ရေး ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။

ကျွန်းလှမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းရာသီတွင် မြေပဲ ၁၄၂၄၅ ဧက၊ နှမ်း ၁၄၀၃၇ ဧက၊ ၁၂‌၃၁ ဧက၊ ပန်းနှမ်း ၅၃၁၅ဧက၊ မုန်ညှင်း ၃၅၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق