Pages

Pages

ယူကေမှာ ဆင်းရဲမွဲတေမှုက စံချိန်တင် များပြားလာ


ဇန်နဝါရီ - ၂၉ ( ကြာသပတေးနေ့ ) 

ယူကေတွင် ဆင်းရဲမွဲတေပြီး ဆိုးရွားခက်ခဲစွာ နေထိုင်နေရကာ အခြေခံ လိုအပ်ချက်များ မတတ်နိုင်သူ အရေအတွက် စံချိန်တင် များပြားလာကြောင်း ပရဟိတ ဦးဆောင်အဖွဲရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရ သိရပါတယ်။ 

ယူကေရှိ လူငါးဦးတွင် တစ်ဦးထက်မနည်း ပမာဏ (၁၄.၂) သန်းခန့်သည် ကွန်ဆာဗေးတစ်အစိုးရရဲ့ နောက်ဆုံးနှစ် ဖြစ်တဲ့ ၂၀၂၃/၂၄ တွင် ဆင်းရဲတွင်းနက်စွာ နေထိုင်နေရပါတယ်။  အဲ့ဒိအချိန်က တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းများ ရရှိခဲ့ရတဲ့ နောက်ဆုံးနှစ်လည်းဖြစ်ကြောင်း ဂျိုးဇတ်ရောင်ထရီးဖောင်ဒေးရှင်း (JRF) က အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ယင်းတို့အနက် ထက်ဝက်ခန့်သည် လူပေါင်း ၆.၈ သန်းခန့်သည် “အလွန်နက်နဲသော” ဆင်းရဲဒုက္ခကို ကြုံတွေ့နေရပြီး နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံး အရေအတွက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ကလေးများ၊ အိမ်ခန်းငှားနေသူများ၊ မသန်စွမ်းသူများ နဲ့ ဘောက်အလုပ်သမားများက ထိခိုက်မှုအများဆုံး အုပ်စုများထဲတွင် ပါဝင်ပါတယ်။ ၂၀၂၃/ ၂၄ တွင် ကလေး ၄.၅ သန်းနီးပါးသည် ဆင်းရဲမွဲတေစွာနေထိုင်ခဲ့ပြီး ကိုဗစ် ကပ်ရောဂါကာလအတွင်း ဆင်ရဲမွဲတေမှုက လူ ၆သိန်း ပိုတိုးလာကာ အဲ့ဒိအချိန်ကစပြီး ၃ နှစ် ဆက်တိုက် ပမာဏ တိုးလာခဲ့ပါတယ်။ ကလေးများရဲ့ ၄၄ % သည် ဆင်းရဲမွဲတေမှု ထိခိုက်ခံစားခဲ့ရတဲ့ လူဦးရေးများတဲ့ မိသားစုများတွင် နှုန်းထားများ အမြင့်ဆုံးဖြစ်ပါတယ်။ သီးသန့်ငှားရမ်းနေထိုင်သူများသည် အိမ်ပိုင်ရှင်များထက် အန္တရာယ် ပိုမိုကြုံတွေ့ရပြီး မသန်စွမ်းသူများနှင့် အလွတ်သဘော ပြုစုစောင့်ရှောက်ထားရသူများလည်း အချိုးအစားမမျှစွာ ထိခိုက်ခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။  ကလေးတစ်သန်းဝန်းကျင်အပါအဝင် လူပေါင်း ၃.၈ သန်းခန့် သည် အနွေးဓာတ်၊ အဝတ်အစားနှင့် အစားအစာများ ကဲ့သိုသော အခြေခံလိုအပ်ချက်များကို မတတ်နိုင်ဘဲ ငတ်မွတ်ခေါင်းပါးခြင်းကို ကြုံတွေ့နေရပါတယ်။ 

“ယူကေမှာ ဆင်းရဲမွဲတေမှုဟာ ကျယ်ပြန့်ရုံမကသေးပါဘူး၊ ဒါဟာ ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း ပိုနက်နဲပြီး ထိခိုက်မှုများလာစေပါတယ်။ ဆင်းရဲနွမ်းပါးသူ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ အဝေးကြီးကို ရောက်နေပါတယ်။  ဒါဟာ လူမှုဖူလုံရေးစနစ်က လူတွေကို ထိခိုက်မှုကနေ ကာကွယ်ပေးဖို ပျက်ကွက်နေတဲ့ သတိပေးလက္ခဏာပါပဲ”လို JRF ရဲ့ အကြီးအကဲ လေ့လာသူ ပီတီ မာတီဂျစ် ကပြောပါတယ်။ 

ဗြိတိန်တစ်ဝှမ်း ဆင်းရဲနွမ်းပါးမှုနှုန်းသည် ကွဲပြားပြီး လန်ဒန်နှင့် အနောက်အလယ်ပိုင်းဒေသများတွင် အဆိုးရွားဆုံးသော ဒေသများဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။  လူနေမှုစရိတ်များ မြင့်တက်လာခြင်းနဲ့ လုပ်အားခများ မတိုးလာခြင်းက ပြင်းထန်သော ဆင်းရဲမွဲတေမှုကို တိုးမြင့်လာစေတယ်လို့ ပရဟိတအဖွဲ့မှ ပြောကြားခဲ့ပါတယ်။ မကြာသေးမီနှစ်များအတွင်း အစားအသောက်၊ စွမ်းအင်နှင့် အိမ်လခစသည့် မရှိမဖြစ်လိုအပ်သော ငွေကြေးဖောင်းပွမှုသည် မြင့်တက်လာခဲ့ပြီး ဝင်ငွေနည်းအိမ်ထောင်စုများအတွက် ဝင်ငွေမှာ အနည်းငယ်သာ တိုးလာပြီး အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန် ရုန်းကန်နေကြရပါတယ်။


REF: RT 

#MNP #News 

ليست هناك تعليقات:

إرسال تعليق