သနားစရာ ဖားသတ္တဝါများ နှင့် လုပ်စား လူ့ငနွားများ - Myanmar National Post

Myanmar National Post

News Agency

Breaking

သနားစရာ ဖားသတ္တဝါများ နှင့် လုပ်စား လူ့ငနွားများ


၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့ကစပြီး လူမျိုးလိမ်အရေးနဲ့ ပတ်သက်လို့ အိုင်စီဂျေမှာ ဂမ်ဘီယာက တရားစွဲဆိုထားတဲ့ကိစ္စ မြန်မာကိုယ်စားလှယ်အဖွဲ့က သွားရောက်ရင်ဆိုင်ဖြေရှင်းရတယ်။

ဂမ်ဘီယာရဲ့ တင်ပြချက်တွေဟာ သူတို့ကိုယ်တိုင်လည်း ဘာတစ်ခုမှ သိရှိထားခြင်းမရှိဘဲနဲ့ FFM, IIMM အစရှိတဲ့ အဖွဲ့တွေရဲ့ တစ်ဖက်သတ် လုပ်ကြံဖန်တီးထားတဲ့ သက်သေတွေကို တင်ပြပြီး မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်ရန် လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲပါတယ်။ သူတို့ရဲ့ အသုံးအနှုန်းမှာတော့ ဘင်္ဂလီများကို လူမျိုးလိမ်နာမည် တွင်တွင်သုံးစွဲပြီး စွဲချက်တင်လေရဲ့ပေါ့။

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင် ရဲ့ အဖွဲ့မိန့်ခွန်းမှာပဲ လူမျိုးလိမ်နာမည် ဘာကြောင့်မသုံးစွဲရသလဲ ဆိုတာကို ရှင်းလင်းပြောဆိုပေးလိုက်ပါတယ်။ အကြမ်းဖက်နှိမ်နင်းရေး တစ်နည်းအားဖြင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်တာကို လူမျိုးတုန်းသတ်ဖြတ်ရန် လုပ်ဆောင်ပါတယ်ဆိုပြီး မဆိုင်တဲ့ ဆရာတော်သံဃာတော်တွေရဲ့ တရားတွေကို လိုရာစွဲပြီး ပြောလို့ပြော၊ ဆရာတော်ဦးဝီရသူ ကို ဘွဲ့တံဆိပ်ဆက်ကပ်တာကို သက်သေသွင်းလို့သွင်းနဲ့ လုပ်ဇာတ်ကို ပီပြင်အောင် အကွက်မချနိုင်ဘူးဖြစ်ခဲ့တယ်။

ဒါတွေကတော့ ရှည်ရှည်ဝေးဝေး ပြောဖို့ မလိုတော့ပါဘူး။ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ရှေ့နေများရဲ့ ဆောင်ရွက်ချက်တွေကို အချိန်နဲ့တပြေးညီ သိခဲ့ကြရပြီးပြီပဲ။ ဆရာဦးကိုကိုလှိုင် ကလည်း တရားခွင်မှာ ရင်ဆိုင်ဖြေရှင်းခဲ့တဲ့ အခြေအနေတွေကို ပြန်လည်အကျဉ်းချုပ် ရှင်းပြတာတွေကိုလည်း သိခဲ့ကြပြီပဲ။

ဒီအခင်းအကျင်းမှာ အင်မတန် ရှက်စရာကောင်းတာက လူမျိုးအရေးလှုပ်ရှားဆောင်ရွက်နေတဲ့ ဘင်္ဂလီထွန်းခင်၊ ဘင်္ဂလီနေဆန်းလွင် တို့နဲ့ လုပ်စား လူ့ငနွား  သက်ထွေးနိုင်တို့ အိုင်စီဂျေတရားရုံးရှေ့မှာ အာချောင်နေတဲ့ မြင်ကွင်းဖြစ်ပါတယ်။

လူမျိုးလိမ်နာမည် ဖန်တီးသုံးစွဲမှု သိသာထင်ရှားလွန်းနေတာက နေဆန်းလွင်၊ ထွန်းခင် တို့က သူတို့နာမည်ရှေ့မှာ ရိုဆိုတာကို တပ်ပြီး ရိုနေဆန်းလွင်၊ ရိုထွန်းခင် လို့ လူမျိုးလိမ်နာမည်တပ်ပြီး ပေါက်ပန်းဆေးတွေကို လီဆည်ပြောဆိုနေကြတာကြီးက ရှက်စရာပါ။ ရှက်စရာ အကောင်းဆုံးက ကိုယ့်လူမျိုးကိုယ် လိမ်ညာပြီး ပြောတာက အမျိုးယုတ်တွေလို့တောင် ပြောရမလားပဲ။ စာရေးသူသာ ဘင်္ဂလီဖြစ်နေမယ်ဆိုရင် ကျွန်တော် ဘင်္ဂလီလို့ လက်သီးလက်မောင်းတန်းပြီး ပြောမှာ။ အကျိုးစီးပွားအတွက်နဲ့ ကိုယ့်လူမျိုးကို လိမ်ညာပြီးတော့ မပြောနိုင်ဘူး။ မိမိလိုလားချက်အတွက် လူမျိုးကိုတော့ လိမ်ညာပြီး မတောင်းဆိုဘူး။ မြန်မာပြည်မှာ ဘင်္ဂလီတွေအများကြီး ရှိတယ်။ သူတို့ရသင့်တဲ့ အခွင့်အရေးတွေလည်း ရနေတယ်။ ယုတ်စွအဆုံး ဘင်္ဂလီတွေကို လွှတ်တော်ထဲထိတောင် ဝင်ခွင့်ပေးခဲ့သေးတယ်ဗျာ။ မိမိတို့ လူမျိုးအကျိုးထက် လုပ်စားချင်လွန်းတဲ့ သရုပ်မှန်က ပေါ်လာလို့ အထုတ်ခံရတာ။ ပြည်ပြေး ရွှေမောင်တို့က သက်သေပဲ။

ဘင်္ဂလီ က ဘင်္ဂလီလို့မပြောရဲတာ ရှိစေတော့။ ဘင်္ဂလီက လူမျိုးလိမ်ဖန်တီးသုံးစွဲတာကို မြန်မာတိုင်းရင်းသားထဲက ဟာတွေဟာ ဘာလို့ သံယောင်လိုက်ပြီး လုပ်စားကြတာလဲ။ တိုင်းပြည်နဲ့ လူမျိုး အတိဒုက္ခရောက်မယ့် အလုပ်မျိုးကို လက်ခံပြီး လုပ်စားကြီးက အမျိုးယုတ် အကြီးစားတွေလို ဖြစ်မနေဘူးလား။ ကိုယ့်တိုင်းပြည်ကို မဟုတ်မမှန်လုပ်ဇာတ်တွေနဲ့ တရားစွဲဆိုတာကို အားရဝမ်းသာ ဖြစ်နေတဲ့ ပြည်ပြေး ဝရမ်းပြေး အမျိုးယုတ်အုပ်စုကြီးကို မြင်ရတာ ရင်နာလွန်းလို့ပါဗျာ။

အိုင်စီဂျေတရားရုံးရှေ့မှာ ဘင်္ဂလီထွန်းခင်၊ ဘင်္ဂလီနေဆန်းလွင် တို့နဲ့ တွေ့ရတာက အမျိုးယုတ် လူ့ငနွား သက်ထွေးနိုင် တစ်ကောင်ပဲ။ သက်ထွေးနိုင် လို အမျိုးယုတ်ကောင်တွေက အများကြီး။ DVB က အေးချမ်းနိုင် (ဟန်ညောင်ဝေ တို့က စခဲ့တဲ့ လူမျိုးလိမ် ဖန်တီးသုံးစွဲမှု)၊ မဇ္ဈိမ စိုးမြင့်၊ ဧရာဝတီ အောင်ဇော်၊ မြန်မာနောင်း ဆွေဝင်း (အမျိုးယုတ်ကောင်)၊ ခေတ်ပျက် မီဒီယာက သာလွန်ခွက်ခေါက်၊ NUG က အောင်မျိုးမင်းနဲ့ အပေါင်းအပါတွေ အားလုံးက လူမျိုးလိမ် နာမည်တစ်လုံးနဲ့တင် ကမ္ဘာပတ်နိုင်နေတဲ့ အနေအထားဖြစ်သွားတယ်။ သူတို့တွေက ငွေရလို့ အမျိုးယုတ်ကြတာ။ ကျွန်တော်တို့ ပြည်သူတွေက သံယောင်လိုက်ပြီး အမျိုးယုတ် မဖြစ်ကြပါစေနဲ့။ 

ဘင်္ဂလီထွန်းခင်၊ ဘင်္ဂလီနေဆန်းလွင်တို့လို ဇာတိသရုပ်ကိုဖျောက်ပြီး လူမျိုးလိမ်နာမည် မခံချင်ကြပါနဲ့။ ရခိုင် ဆိုရင်လည်း ငါရခိုင်လို့ ဂုဏ်ယူပါ။ ဗမာ ဆိုရင်လည်း ငါ ဗမာလို့ ဂုဏ်ယူပါ။ မွန် ဆိုရင်လည်း မွန်ပေါ့။ ဘာလို့ လူမျိုးလိမ်နာမည် ဖန်တီးအသုံးပြုနေမလဲ။ ရှက်စရာကြီးဗျာ။

သနားစရာ ဖားသတ္တဝါတွေနဲ့ လုပ်စား လူ့ငနွားများကတော့ မရှက်တမ်း၊ မကြောက်တမ်း သောက်ရမ်းကို လုပ်စားလို့ ကောင်းနေလေကြရဲ့ဗျာ။


နောင်တော်လေး (ဘိုကလေး)

#MNP #News

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)