အုတ်ဖိုမြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း လွှမ်းခြုံမှုပိုမိုမြင့်မားစေရေး အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်ဖိုမြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း လွှမ်းခြုံမှုပိုမိုမြင့်မားစေရေး အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 


အုတ်ဖို  ၊ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း လွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်သည်။ဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချူပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးနှင့် ကော်မတီဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်ဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ စုံညီစွာတက်ရောက်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးက နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကလေးငယ်များ၏ ဘဝမှစ၍ ရောဂါဘယကင်းရှင်းဖို့လိုအပ်ကြောင်း၊ ကလေးငယ်များ ရောဂါကင်းရှင်းရေးအတွက် သတ်မှတ်အသက်အလိုက် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးကြဖို့လိုအပ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် အချိန်တွင်လည်း ကျန်းမာရေး၊ အသိအမြင်များဖွံ့ဖြိုးစေရန် ဆွေးနွေးဟောပြောမှုများ တစ်ဆက်တည်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးသက်ဝင်းက ပြည်သူ့ကျန်းမာရေးဦးစီဌာန၏ (၁၈၈၉)ခုနှစ်မှစတင်၍ (၂၀၂၅)ခုနှစ်အထိ ကာကွယ်ဆေးထိုးလုပ်ငန်းများ၏ အောင်မြင်မှုမှတ်တိုင်များ၊ အထူးဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့မှုများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များ ဆွေးနွေးပြောကြားရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဆွေးနွေးပွဲတက်ရောက်လာကြသူများ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးမှုပိုမိုလွှမ်းခြုံနိုင်စေရေး ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံအတွင်းရှိ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များအား အသက်အလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှု လုပ်ငန်းဆောင်ရွက်နေသည့် အသိပညာပေးဗီဒီယိုကို ဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)