ရုရှား–မြန်မာ ဗီဇာ ကင်းလွတ်ခွင့် အသက်ဝင်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှား–မြန်မာ ဗီဇာ ကင်းလွတ်ခွင့် အသက်ဝင်ပြီ

 


နေပြည်တော်၊ ဇန်နဝါရီ ၂၇

ယနေ့၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှစပြီး ရုရှားအစိုးရနှင့် မြန်မာအစိုးရကြားမှာ နှစ်နိုင်ငံနိုင်ငံသားတွေအတွက် ဗီဇာမလိုဘဲ သွားလာနိုင်မယ့် သဘောတူညီချက် စတင်အသက်ဝင်ပြီကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်အရ ရုရှားနိုင်ငံသားများ၊ မြန်မာနိုင်ငံသားများ အနေဖြင့် ခရီးသွားလာခြင်း၊ မိတ်ဆွေတွေ့ဆုံတာမျိုးဆိုရင် တစ်ကြိမ်လျင် ရက်ပေါင်း ၃၀ အထိ ဗီဇာမလိုဘဲ နေနိုင်ထိုင်နိုင်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်နှင့် ပတ်သက်၍ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန က ဇန်နဝါရီလ (၂၀)ရက်နေ့က သတင်းထုတ်ပြန်ရာတွင် "၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းအစိုးရနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရတို့အကြား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် မင့်စ်မြို့တွင် လက်မှတ်ရေးထိုးခဲ့သော ရုရှားဖက်ဒရေးရှင်းနိုင်ငံသားများနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံသားများအတွက် ဗီဇာလိုအပ်ချက်များ အပြန်အလှန်ပယ်ဖျက်ခြင်းဆိုင်ရာ သဘောတူညီချက်သည် အသက်ဝင်မည်ဖြစ်ကြောင်း၊ သဘောတူညီချက်အရ ရုရှားနိုင်ငံသားများသည် အမြဲတမ်းနေထိုင်ခွင့်၊ ပညာရေး သို့မဟုတ် အလုပ်လုပ်ခွင့်လိုအပ်သော မည်သည့်လုပ်ဆောင်မှုတွင်မဆို ပါဝင်ဆောင်ရွက်ခြင်းမရှိပါက မြန်မာနိုင်ငံသို့ ဝင်ရောက်ပြီး တစ်ကြိမ်လျှင် ဗီဇာမပါဘဲ ရက်ပေါင်း ၃၀ အထိ နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏ စုစုပေါင်းနေထိုင်ချိန်သည် ပြက္ခဒိန်နှစ်တစ်နှစ်တွင် ရက်ပေါင်း ၉၀ ထက် မပိုစေရ" ဖော်ပြပါရှိသည်။

ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်သည့်အခါ မြန်မာနိုင်ငံသားများသည် အလားတူအခွင့်အရေးများ ရရှိမည်ဖြစ်သည်။


#MNP #News 

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)