ကော့သောင်းမြို့၌ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့သောင်းမြို့၌ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေး



ကော့သောင်း  ၊ ဇန်နဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်ကော့သောင်းမြို့တွင် ကော့သောင်းမြို့နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် ဌာနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များပါဝင်သည့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ ဆောင်ရွက်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်အဆင့်ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းထက်က အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်သန်းသန်းဝင်းက အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်းရည်ရွယ်ချက်နှင့် လုပ်ငန်းအစီအမံများကို  တင်ပြသည်။

ယင်းနောက်  မြို့နယ်ဥပဒေအရာရှိက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများနှင့်ပတ်သက်သည့် ဥပဒေ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူးမှ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသည့် ကလေးအလုပ်သမားများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမှုများ၊ မြို့နယ်အလုပ်ရုံနှင့်အလုပ်သမားစစ်ဆေးရေးဦးစီးဌာနမှ အလုပ်ရှင်/သမားများနှင့် ပတ်သက်သည့် အလုပ်ရုံ/သမားဥပဒေ၊ နည်းဥပဒေ၊ အလုပ်လုပ်ကိုင်နိုင်သည့်ကလေး အသက်အရွယ်၊ အလုပ်ချိန်၊ လုပ်ခလစာ၊ အကျိုးခံစားခွင့်၊ အလုပ်ရှင်မှတ်ပုံတင်ခြင်း၊ အာမခံထားရှိခြင်းနှင့်အကျိုးခံစားခွင့်များအကြောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စက်ရုံ၊ အလုပ်ရုံ၊ ဈေးဆိုင်များအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊  လူကုန်ကူးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ ဒုရဲမှူး အောင်ဆန်းဝင်းမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းနှင့် ဆက်နွှယ်သည့် လူကုန်ကူးမှုများအကြောင်း၊ မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ သက်မွေးလုပ်ငန်း၊ ကျွမ်းကျင်မှုအလုပ်အကိုင်ရှာဖွေရေးအကြောင်း၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဌာန၏လုပ်ငန်းဝာာဝန်များအားအသိပညာပေးဆွေးနွေးကြသည်။

ယင်းနောက် အလုပ်ရုံ ဆွေးနွေးပွဲတွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာနှင့်ပတ်သက်၍ ဆောင်ရွက်ရန်ကိစ္စရပ်များဆွေးနွေးကြပြီး အလုပ်ရုံဆွေးနွေးပွဲရလဒ်များ အတည်ပြုခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)