ရွှေဈေးကတက်၊ ဒေါ်လာကျ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဈေးကတက်၊ ဒေါ်လာကျ



ဇန်နဝါရီ - ၂၈ ( ဗုဒ္ဓဟူးနေ့ ) 

ရင်းနှီးမြှုပ်နှံသူများသည် ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် လုံခြုံစိတ်ချရသော ပိုင်ဆိုင်မှုများကို ရှာဖွေနေသောကြောင့် တနင်္လာနေ့ (၂၀၂၆ ဇန်နဝါရီ  ၂၆ ရက်နေ့) ရွှေဈေးသည် တစ်အောင်စလျှင် ကန်ဒေါ်လာ ၅၁၀၀ ကျော် သို့ရောက်သွားပြီး စံချိန်သစ်သို့ တက်သွားခဲ့ပါတယ်။ ငွေ နဲ့ ပလက်တီနမ်များကလည်း စံချိန်တင် အမြင့်ဆုံးသို့ ခုန်တက်သွားခဲ့ပါတယ်။ 

ရိုက်တာသတင်းဌာန အဆိုအရ ရွှေဈေးသည် တစ်အောင်စလျှင် ကန်ဒေါ်လာ ၅၀၇၇ မှ ၂ % ခန့် မြင့်တက်လာ ပြီးနောက်  အမြင့်ဆုံးဖြစ်သော ၅၁၁၀ သို့ ရောက်ရှိခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူသည် ရွှေကျောထောက် နောက်ခံများထဲသို့ စီးဝင်စေပြီး တစ်နှစ်ထက်တစ်နှစ် ပိုင်ဆိုင်မှု ၂၀ % ခန့်တက်လာ သလို ဗဟိုဘဏ်များက အဓိကဝယ်လက်များအဖြစ် ရှိနေပါတယ်။ 

နောက်ဆုံး ပထဝီဝင်နိုင်ငံရေး အုံကြွမှုကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်နိုင်ငံနှင့် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ကို ဆက်လက်လုပ်ဆောင်ပါက ကနေဒါအပေါ် အခွန် ၁၀၀ % စည်းကြပ်မယ်ဆိုတာပါပဲ။  

ယခုနှစ်အတွင်း အဖိုးတန်သတ္တုများဈေးတက်လာအောင် အဓိက မောင်းနှင်သူမှာ အမေရိကန်သမ္မတ ထရမ့် လို့ ပြောပါတယ်။ အာရှနှင့်ဥရောပတစ်ဝှမ်းရှိ လက်လီဝယ်ယူသူများက ရင်းနှီးမြှုပ်နှံသူ လှိုင်းသစ်များအဖြစ် ရွှေနှင့်ငွေများကို ပုဂ္ဂလိကပိုင်အဖြစ် အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ 

ဈေးကွက်များသည် မဝေးတော့သောအနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် အမေရိကန် - ဂျပန်  ငွေကြေး ဝင်ရောက်စွက်ဖက်မှု ဖြစ်နိုင်ခြေအပေါ်လည်း အာရုံစိုက်ထားပါတယ်။ ရွှေဈေးက ၂၀၂၅ ခုနှစ်တွင် ၆၄ % တက်လာပြီးနောက် ယခုနှစ်တွင် ၁၈ % နီးပါးတက်နေပါတယ်။ ၂၀၂၄ တုန်းက ရွှေသည် ပထမအကြိမ်အဖြစ် တစ်အောင်စလျှင် ကန်ဒေါ်လာ ၃၀၀၀ မှ ၄၀၀၀ အထိ တက်ခဲ့ပါတယ်။ 


REF: The Nation

#MNP #News 

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)