အာဏာသိမ်းဖို့ ပြင်ဆင်နေတဲ့ စစ်တပ်အရာရှိတွေကို ဖမ်းပြီး တရားစွဲထားကြောင်း နိုင်ဂျီးရီးယား ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဏာသိမ်းဖို့ ပြင်ဆင်နေတဲ့ စစ်တပ်အရာရှိတွေကို ဖမ်းပြီး တရားစွဲထားကြောင်း နိုင်ဂျီးရီးယား ဆို




ဇန်နဝါရီ - ၂၈ ( ဗုဒ္ဓဟူးနေ့ ) 

သမ္မတ ဘိုလာတီနူဘူ အစိုးရကို ဖြုတ်ချရန် ကြံစည်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် နိုင်ဂျီးရီးယား စစ်ဘက်ဆိုင်ရာ အရာရှိအဖွဲ့တစ်ဖွဲ့ကို ရုံးတင်စစ်ဆေးရန် စီစဉ်နေကြောင်း အနောက်အာဖရိနိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယား စစ်တပ်က ကြေညာလိုက်ပါတယ်။ 

အာဏာသိမ်းမှု ပျက်ပြယ်သွားကြောင်း ဒေသတွင်း မီဒီယာများရဲ့ဖော်ပြမှုများကြောင့် အရာရှိ ၁၆ ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ဖမ်းဆီးခဲ့ပါတယ်။ စည်းကမ်းဖောက်ဖျက်မှုနဲ့ ဝန်ဆောင်မှုစည်းမျဉ်းတွေကို ချိုးဖောက်မှုများကြောင့် သံသယရှိသူတွေကို ဖမ်းဆီးထားတယ်လို့ စစ်တပ်က ပြောပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ချက်တွင် နိုင်ဂျီးရီးယား ကာကွယ်ရေးဌာနချုပ်မှ အရာရှိ အများအပြားသည် နိုင်ဂျီးရီးယား လက်နက်ကိုင် တပ်ဖွဲ့များရဲ့ ကျင့်ဝတ်များကို ချိုးဖောက်ကာ အစိုးရ မတည်မငြိမ် ဖြစ်စေရန် ပူးပေါင်း ကြံစည်မှုတွင် ပါဝင်နေကြောင်း ကျယ်ကျယ်ပြန့်ပြန့် စုံစမ်း တွေ့ရှိခဲ့ကြောင်း ဆိုပါတယ်။  

“တရားမျှတမှုနဲ့ တရားရေးဆိုင်ရာ လုပ်ငန်းစဉ်တွေရဲ့ အခြေခံမူတွေကို လိုက်နာရင်းနဲ့ တာဝန်ခံမှု ရှိစေမယ့် သင့်လျော်တဲ့ စစ်ဘက်တရားစီရင်ရေး ဘုတ်အဖွဲ့ ရှေ့မှောက်မှာ တရားဝင် စစ်ဆေးမှု ခံရမှာပါ” လို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ က ပြောကြားခဲ့ပါတယ်။ 

အဆိုပါအစီအမံများသည် စည်းကမ်းထိန်းသိမ်းရေးသက်သက်ဖြစ်ပြီး ရာထူးအဆင့်များအတွင်း စည်းမျဥ်း စည်းကမ်း၊ ကျင့်ဝတ် နဲ့ လုပ်ငန်းလည်ပတ်မှု ထိရောက်ခြင်းကို ထိန်းသိမ်းရန် ဆက်လက် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဆိုင်ရာ ယန္တရားတွေဖြစ်တယ် လို့ ၎င်းကပြောပါတယ်။ 


REF: RT

#MNP #News 

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)