မဟာ‌အောင်မြေမြို့နယ်၌ ငလျင်ဒဏ်သင့် နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာ‌အောင်မြေမြို့နယ်၌ ငလျင်ဒဏ်သင့် နေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းများ ပေးအပ်


Uploading: 2130366 of 2130366 bytes uploaded.


‎မဟာအောင်မြေ  ၊ ဇန်နဝါရီ ၂၈

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၉ နာရီက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဒဏ်ကြောင့် လုံးဝပျက်စီးနှင့်တစ်စိတ်တစ်ပိုင်းထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား ပြုပြင်နိုင်ရန် အိမ်ဆောက်ပစ္စည်း(ဘိလပ်မြေ၊ သွပ်)များ ပေးအပ်ပွဲကျင်းပသည်။

‎ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး ဆွေလွင်အောင်က နိုင်ငံတော် အနေဖြင့် ငလျင်ဘေးအန္တရာယ်ခံစားရသည့် ပြည်သူများအားထောက်ပံ့ပေးနိုင်ခဲ့မှု အခြေအနေများ၊  နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးမှု၊ အလုံးစုံပျက်စီးမှုတို့အတွက် နိုင်ငံတော်မှ သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ငွေသားပေးအပ်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

‎ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်နှင့်တာဝန်ရှိသူများက   တစ်စိတ်တစ်ပိုင်းပျက်စီးထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စု ၅ စု အတွက် ပြုပြင်နိုင်ရန် အိမ်ဆောက်ပစ္စည်း(ဘိလပ်မြေ၊ သွပ်)များ ထောက်ပံ့ပေးခဲ့ပြီး ကျန်အိမ်ထောင်စုများ စိစစ်၍ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ဇော်မင်း

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)