
မဟာအောင်မြေ ၊ ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၉ နာရီက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငလျင်ဒဏ်ကြောင့် လုံးဝပျက်စီးနှင့်တစ်စိတ်တစ်ပိုင်းထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား ပြုပြင်နိုင်ရန် အိမ်ဆောက်ပစ္စည်း(ဘိလပ်မြေ၊ သွပ်)များ ပေးအပ်ပွဲကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး ဆွေလွင်အောင်က နိုင်ငံတော် အနေဖြင့် ငလျင်ဘေးအန္တရာယ်ခံစားရသည့် ပြည်သူများအားထောက်ပံ့ပေးနိုင်ခဲ့မှု အခြေအနေများ၊ နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးမှု၊ အလုံးစုံပျက်စီးမှုတို့အတွက် နိုင်ငံတော်မှ သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ငွေသားပေးအပ်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်နှင့်တာဝန်ရှိသူများက တစ်စိတ်တစ်ပိုင်းပျက်စီးထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စု ၅ စု အတွက် ပြုပြင်နိုင်ရန် အိမ်ဆောက်ပစ္စည်း(ဘိလပ်မြေ၊ သွပ်)များ ထောက်ပံ့ပေးခဲ့ပြီး ကျန်အိမ်ထောင်စုများ စိစစ်၍ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဇော်မင်း
https://t.me/MyanmarNationalPost
ليست هناك تعليقات:
إرسال تعليق