Pages

Pages

ကျူးဘားကိုခြိမ်းခြောက်ပြီးနောက် အမေရိကန်မှာ အရေးပေါ်အခြေအနေကြေညာ


ဇန်နဝါရီ - ၃၀ ( သောကြာနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကျူးဘားနိုင်ငံသို့ ရေနံတင်ပို့တဲ့ ဘယ်နိုင်ငံကိုမဆို အခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်ပြီးနောက်မှာတော့ နိုင်ငံတော်အရေးပေါ်အခြေအနေကို ကြေညာလိုက်ပါတယ်။ ဗင်နီဇွဲလားကို အမေရိကန်စစ်တပ်က စစ်ဆင်ရေးလုပ်ပြီးနောက် ကျွန်းနိုင်ငံဖြစ်တဲ့ကျူဘားကို အရေးကြီးဆုံး စွမ်းအင် အရင်းအမြစ်တွေကို ဖြတ်တောက်ဖို့ လုပ်နေပါတယ်။ အဲ့ဒါကြောင့် ကျူဘားက ဖိအားများတိုးလာနေပါတယ်။ 

“ကွန်မြူနစ်ကျူးဘားအစိုးရရဲ့ ဆုတ်ယုတ်မှုများအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ လုံးဝသည်းခံမှာ မဟုတ်ဘူး” လို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ကျူးဘားအစိုးရရဲ့ မူဝါဒများ၊ အလေ့အထများနှင့် လုပ်ဆောင်ချက်များသည် အမေရိကန်ပြည်ထောင်စု၏ လုံခြုံရေး၊ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒတို့ကို တိုက်ရိုက်ခြိမ်းခြောက်နေကြောင်း ကျွန်ုပ်တွေ့မြင်ရပါတယ်” လို့ ထရမ့်က ဆိုပါတယ်။ 

အဆိုပါအမိန့်အရ ကျူဘားနိုင်ငံကို ရေနံတိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ရောင်းချခြင်း သို့မဟုတ် ပေးဆောင်ခြင်းလုပ်တဲ့နိုင်ငံတွေကို ဖမ်းမိရင် ဘယ်နိုင်ငံမဆို အမေရိကန်နိုင်ငံကို သွင်းတဲ့ ကုန်ပစ္စည်းမှန်သမျှကို ထပ်လောင်းအခွန်စည်းကြပ်ရန် ယန္တရားတစ်ရပ်ကို ချမှတ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒိအမိန့်ကို ချိုးဖောက်သူများအား ဖော်ထုတ်ရန်နှင့် အကောက်ခွန်ဌာနများက သမ္မတထံ တိုက်ရိုက်အကြံပြုရန်အတွက် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးများကို ကျယ်ပြန့်သော အခွင့်အာဏာ ပေးထားလိုက်ပါတယ်။ 

ကျူဘားကို ရေနံတင်ပို့နေတဲ့ ဗင်နီဇွဲလား ကို အမေရိကန်က စစ်ဆင်ရေးလုပ်ပြီးနောက် အခုလို အမိန့်ထုတ် လိုက်တဲ့အတွက် လက်ရှိတင်ပို့နေတဲ့ မက္ကဆီကိုကလည်း နောက်ဆုတ်သွားပါတယ်။ အင်္ဂါနေ့ကတော့ ကျူဘားနိုင်ငံ ပြိုလဲသွားစေရမယ်လို့ ထရမ့်က ကြိမ်းဝါးထားပါတယ်။ လက်ရှိ ကျူဘားနိုင်ငံရဲ့ အခြေအနေက ပြည်တွင်းမှာ သုံးဖို့ရေနံလက်ကျန်က ၁ လ စာလောက်ပဲ ရှိပါတယ်။ လျှပ်စစ်မီးပျက်တောက်မှု နဲ့ လူသားချင်း စာနာထောက်ထားမှု အစီအစဉ်တွေ ရရှိမှုကို ကျူဘားနိုင်ငံ က မရတာကြာပြီဖြစ်တယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။ 

ကျူဘာနဲ့ အမေရိကန်က ၁၉၆၀ လောက်ကတည်းက မတည့်တဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပြီး ကျူဘားမှာ ဆိုဗီယက်ခေတ်က ပေးထားတဲ့ ဒုံးကျည်တော်တော်များများရှိနေပါတယ်။ 


REF: RT

#News #MNP 

ليست هناك تعليقات:

إرسال تعليق