အိန္ဒိယ စွမ်းအင်ကဏ္ဍမှာ ကန်ဒါ်လာ သန်း ၅ ထောင်ကျော် ရင်းနှီးထားတယ်လို့ မိုဒီဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယ စွမ်းအင်ကဏ္ဍမှာ ကန်ဒါ်လာ သန်း ၅ ထောင်ကျော် ရင်းနှီးထားတယ်လို့ မိုဒီဆို


ဇန်နဝါရီ - ၂၈ ( ဗုဒ္ဓဟူးနေ့ )  

အိန္ဒိယ၏ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဒေါ်လာ ဘီလီယံ ၅၀၀ကျော် ရှိကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ က အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။ ဂိုအာမြိုမှာလုပ်နေတဲ့  အိန္ဒိယစွမ်းအင် သီတင်းပတ် ညီလာခံမှာ မိုဒီက ဗီဒီယိုမိန့်ခွန်း ပြောခဲ့တာပါ။ အဲ့ဒိအစည်းအဝေးမှာ အိန္ဒိယရဲ့ စွမ်းအင်လုပ်ငန်း အရေးကြီးပုံကို အလေးပေးပြောကြားခဲ့ပါတယ်။ 

“စွမ်းအင်ကဏ္ဍဟာ နိုင်ငံတော်ရဲ့ မျှော်မှန်းချက် ဗဟိုချက်မှာ ရှိပါတယ်”လို ဆိုပါတယ်။  အိန္ဒိယသည် ကမ္ဘာ့ရေနံထွက် ပစ္စည်းတင်ပိုမှု ထိပ်တန်းငါးနိုင်ငံထဲတွင် ပါဝင်ပြီး နိုင်ငံပေါင်း ၁၅၀ ကျော်သို့ တင်ပိုရောင်းချမှု လွှမ်းခြုံထားကြောင်း မိုဒီက ဆိုပါတယ်။ "အိန္ဒိယသည် ပြုပြင်ပြောင်းလဲရေး မျှော်မှန်းချက်” နဲ့ တိုင်ပြည်ဖွံဖြိုးရေး ကဏ္ဍတိုင်းတွင် လျင်မြန်သော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေပါတယ်"လို့ ဆိုပါတယ်။  

နယူးဒေလီက ၎င်းရဲ့ စူးစမ်းရှာဖွေရေးကဏ္ဍကို သိသိသာသာ မြှင့်တင်ခဲ့ပြီး  သမုဒ္ဒရာမန်သန် မစ်ရှင်လို့ လူသိများ တဲ့ ရေနက်ပိုင်းရှာဖွေရေး ပဏာမခြေလှမ်းကို တက်ကြွစွာ ထောက်ခံအားပေးလျက်ရှိပါတယ်။ ယခု ဆယ်စုနှစ် အကုန်တွင် အိန္ဒိယသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာ ဘီလီယံ ၁၀၀ အထိ တိုးမြှင့်ရန် ရည်မှန်းထားပြီး တူးဖော်မှုနယ်ပယ်ကို စတုရန်းမိုင် ၆သိန်းကျော်အထိ ချဲ့ထွင်ရန် ရည်မှန်း ထားပါတယ်။ 

လုပ်ကွက် ၁၇၀ ကျော်ကို ဆုချီးမြှင့်ပြီးဖြစ်ကြောင်း မိုဒီက မှတ်ချက်ပြုခဲ့ပြီး အန်ဒမန်နှင့် နီကိုဘာမြစ်ဝှမ်းတွင် နောက်ထပ် ဟိုက်ဒရိုကာဗွန်ထုတ်လုပ်နိုင်ရေး မျှော်လင့်ချက်များ ပေါ်ထွက်လာနေပါတယ်။ အိန္ဒိယသည် လက်ရှိတွင် ရေနံသန့်စင်မှုစွမ်းရည်တွင် ကမ္ဘာ့ဒုတိယနေရာတွင် ရပ်တည်နေကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ လက်ရှိရေနံသန့်စင်မှုစွမ်းရည်သည် တစ်နှစ်လျှင် မက်ထရစ်တန်ချိန် သန်း ၂၆၀ ဝန်းကျင် ရှိပြီး ယင်းကို တစ်နှစ်လျှင် တန်ချိန် ၃၀၀ အထိ မြှင့်တင်ရန် မျှော်လင့်ထားပါတယ်။ 

အိန္ဒိယနှင့် ရုရှားတို့သည် စွမ်းအင်နှင့် သတ္တုတူးဖော်ရေးဆိုင်ရာ အစီအစဉ်များကို အရှေ့ဖျားနှင့် အာတိတ်ဇုန်တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ရန် ဆန္ဒရှိကြောင်း ထပ်မံ အတည်ပြု ထားပါတယ်။ 

REF: RT


#MNP #News 

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)