Pages

Pages

နည်းပညာတက္ကသိုလ် (သန်လျင်) ၌ နှစ် (၄၀) ပြည့် ပတ္တမြားရတု အထိမ်းအမှတ်အခမ်းအနားကျင်းပ


ရန်ကုန်၊ ဇန်နဝါရီ ၂၉

နှစ် (၄၀) ပြည့် ပတ္တမြားရတုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ နည်းပညာတက္ကသိုလ် (သန်လျင်) တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ် (သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီ၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နှစ် (၄၀) ပြည့် ပတ္တမြားရတုအထိမ်းအမှတ်အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ နည်းပညာတက္ကသိုလ် (သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီ၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က နှစ် (၄၀) ပြည့် ပတ္တမြားရတုအထိမ်းအမှတ် ကဗ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်များဖြင့် ပက်ဖြန်းပေးကြသည်။

ဆက်လက်၍ နှစ် (၄၀) ပြည့် ပတ္တမြားရတုအထိမ်းအမှတ်အခမ်းအနားအား ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်မှုရှိသည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးခြင်းအားဖြင့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်မြင့်မားရေးကို အထောက်အကူပြုပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် အင်ဂျင်နီယာနှင့် ဗိသုကာပညာရှင်များ ပေါ်ပေါက်လာစေရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ခေတ်နှင့်အညီလိုက်၍ စဉ်ဆက်မပြတ်ကြိုးစားကြရန်နှင့် နည်းပညာတက္ကသိုလ် (သန်လျင်) ၏ ပတ္တမြားရတုမှသည် ရွှေရတု၊ စိန်ရတု၊ ရာပြည့်တိုင်အောင် အင်ဂျင်နီယာ / ဗိသုကာပညာရှင်ကောင်းများ မွေးထုတ်ပေးနိုင်ပါစေကြောင်း စသည်တို့ကို ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက နှစ် (၄၀) ပြည့် ပတ္တမြားရတုအထိမ်းအမှတ် အခမ်းအနားအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ နည်းပညာတက္ကသိုလ် (သန်လျင်)၊ ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီက လက်ခံရယူခဲ့ပြီး ဂါရဝပြုလက်ဆောင်အား ပြန်လည်ပေးအပ်ခဲ့သည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ကျောင်းသား၊ ကျောင်းသူများ၏ သုတေသန Project ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


ဇွဲထက်ကို 

#MNP #News

ليست هناك تعليقات:

إرسال تعليق