Pages

Pages

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ရွှေပြည်သာမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး



ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ဇန်နဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လမ်းမကြီး အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းအနီး လမ်းလယ်ပန်းဘောက်နှင့် လမ်းလယ်လျှပ်စစ်မီးတိုင်များ တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ လှော်ကားတာဆုံအနီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်ရှေ့တွင် ရှစ်လမ်းသွားကွန်ကရစ်လမ်းတိုးချဲ့ခြင်း လုပ်ငန်းတွင် ရေမြောင်းနှင့် မလွတ်ကင်းသည့် ဆိုင်အတွင်းရှိနေရာများ၊ လမ်းရှိလမ်းလယ်ပန်းဘောက်နှင့် လျှပ်စစ်မီးတိုင်များ တပ်ဆင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း၊ ရွှေပြည်သာကွေ့အနီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်ရှေ့တွင် ရှစ်လမ်းသွားကွန်ကရစ်လမ်းတိုးချဲ့ခြင်း လုပ်ငန်းတွင် ရေမြောင်းနှင့် မလွတ်ကင်းသည့်ဆိုင်အတွင်းရှိ နေရာများနှင့် လမ်းတိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လုပ်ငန်းများအား အချိန်တိုအတွင်း ပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင် ဆောင်ရွက်ရန်စသည်တို့ကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လမ်းတစ်လျှောက် ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အခြေအနေများကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ကညပိုင်းတွင် ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လမ်းမကြီး အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းရှေ့တွင် ပြည်သူများ သွားလာရေးအဆင်ပြေစေရန်နှင့် မြို့တော်အင်္ဂါရပ်နှင့်အညီ သာယာလှပစေရေးအတွက်လမ်းလယ် လျှပ်စစ်မီးတိုင်များ တပ်ဆင်တည်ဆောက်ခြင်းနှင့် လမ်းမီးများထွန်းညှိရေးအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားကာ ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) လမ်းတစ်လျှောက် ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အခြေအနေများကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို 

#MNP #News

ليست هناك تعليقات:

إرسال تعليق