ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ


ပြည်၊ ဇန်နဝါရီ ၃၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ (၁၅)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ယင်းတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ရှေးဦးစွာပါမောက္ခချုပ် ဒေါက်တာယုဇနအမှူးပြုသော စီမံခန့်ခွဲရေးနှင့်ပညာရေးသဟာယအဖွဲ့ဝင် ပုဂ္ဂိုလ်များ သတ်မှတ်နေရာယူကြသည်။

ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ (၂၀၂၄-၂၀၂၅)ပညာသင်နှစ် ဘွဲ့အသီးသီးအတွက် သက်ဆိုင်ရာဘာသာရပ်အလိုက် ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီဟုပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သော ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအား ပါမောက္ခချုပ် ဒေါက်တာယုဇနက မိန့်ခွန်းပြောကြားပြီး ဘွဲ့လက်မှတ်များ အသီးသီးအပ်နှင်းချီးမြှင့် ပေးအပ်သည်။

ကွန်ပျူတာတက္ကသိုလ် (ပြည်)၏ (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် အဝေးရောက်ဘွဲ့ယူသူများအပါအဝင် ကွန်ပျူတာနည်းပညာ (B.C.Tech.)ဘွဲ့နှင့် ကွန်ပျူတာသိပ္ပံ (B.C.Sc.) ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၀)ဦးအား သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့လက်မှတ်များ အပ်နှင်းချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


ကိုဆက်

#MNP #News

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)