အစ္စရေးက ပါလက်စတိုင်းနယ်မြေထဲက ကုလသမဂ္ဂ အဆောက်အအုံကို ဖြိုချ - Myanmar National Post

Myanmar National Post

News Agency

Breaking

အစ္စရေးက ပါလက်စတိုင်းနယ်မြေထဲက ကုလသမဂ္ဂ အဆောက်အအုံကို ဖြိုချ




ဇန်နဝါရီ - ၃၁ ( စနေနေ့ ) 

ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်နှင့် အခြားမဟာမိတ် ရှစ်နိုင်ငံတို့က အစ္စရေးစစ်တပ် သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း ပိုင်နက်အတွင်းက ကုလသမဂ္ဂ ရဲ့ ပါလက်စတိုင်း ကယ်ဆယ်ရေးအေဂျင်စီ( UNRWA) အဆောက်အအုံကို ဖြိုချမှုနဲ့ ပတ်သက်ပြီး  ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။ အစ္စရေးရဲ့ လုပ်ရပ်က ကုလသမဂ္ဂရဲ့ လုပ်ဆောင်နိုင်မှုအား ပျက်ပြားစေတယ်လို့ ဆိုပါတယ်။ 

ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ အိုက်စလန်၊ အိုင်ယာလန်၊ ဂျပန်၊ နော်ဝေး၊ ပေါ်တူဂီနှင့် စပိန်နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးဌာနများရဲ့ ပူးတွဲထုတ်ပြန်ချက်တွင် အစ္စရေးသည် UNRWA ၏ အရှေ့ဂျေရုဆလင် အဆောက်အအုံအား ဖြိုချခြင်းမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုက ကုလသမဂ္ဂအေဂျင်စီ အပေါ်ကျူးလွန်တဲ့ မကြုံစဖူး လုပ်ရပ်အဖြစ် ဖော်ပြခဲ့ပါတယ်။ 

“ကုလသမဂ္ဂအထွေထွေကွန်ဗင်းရှင်း (၁၉၄၆) နဲ့ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၎င်း၏ နိုင်ငံတကာ တာဝန်ဝတ္တရားများကို လိုက်နာရန် အစ္စရေး အစိုးရအား တိုက်တွန်းနှိုးဆော် အပ်ပါတယ်” လို့ အဆိုပါ  ၁၁ နိုင်ငံ မှ ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ အစ္စရေးအစိုးရအနေဖြင့် ဖြိုခွင်းမှုအားလုံးကို ရပ်တန့်ဖို့ ကျွန်ုပ်တို တောင်းဆိုထားပါတယ်လို့ ဆိုပါတယ်။ 

အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုဆလင်တိုကို အစ္စရေးတိုက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူကြပြီး အစ္စရေးတိုရဲ့ အခြေချနေထိုင်မှုများ ထူထောင်ခြင်းနှင့် ပါလက်စတိုင်း အဆောက်အအုံများကို ဖြိုခွင်းခြင်းအပါအဝင် အစ္စရေး၏ လုပ်ဆောင်မှုများကို နိုင်ငံတကာဥပဒေအရ တရားမဝင်ဘူးလို့ သက်မှတ်ထားကြပါတယ်။ 

အစ္စရေးဘက်ကတော့ ဟားမတ်စ်အကြမ်းဖက်တွေနဲ့  အဆက်အသွယ်ရှိကြောင်း စွပ်စွဲကာ UNRWA အား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ 


REF: UPI

#MNP #News 

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)