ရုရှားနိုင်ငံ အရှေ့ဖျားကျွန်းဆွယ်မှာ မီးတောင်ပေါက်ကွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားနိုင်ငံ အရှေ့ဖျားကျွန်းဆွယ်မှာ မီးတောင်ပေါက်ကွဲ


ဇန်နဝါရီ - ၂၉ ( ကြာသပတေးနေ့ )

ရုရှားနိုင်ငံ အရှေ့ဖျားရှိ ကမ်ချက်ကာ ကျွန်းဆွယ်တွင် မီးတောင်ပေါက်ကွဲပြီး ကောင်းကင်ယံသို့ ပြာမှုန်များ ထုထည်ကြီးမားစွာ ရောက်ရှိလာလို့ ယင်းနေရာမှ ကီလိုမီတာ များစွာ ဝေးကွာသွားကာ ဒေသတွင်း လေကြောင်းခရီးစဉ်များစွာအတွက် သတိပေးချက် ထွက်ပေါ်လာခဲ့ပါတယ်။ 

ရှီဗီလက် မီးတောင်သည် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်တွင် ပေါက်ကွဲခဲ့ကြောင်း ရုရှားသိပ္ပံအကယ်ဒမီ ရဲ့ ဘူမိရူပဗေဒ စစ်တမ်းဌာနခွဲမှ ပြောကြားခဲ့ပါတယ်။ ကမ်ချက်ကာ မီးတောင်ပေါက်ကွဲမှု တုံပြန်ရေးအဖွဲ့ (KVERT) ရဲ့အဆိုအရ ပြာမှုန်အလုံးလိုက်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၇ကီလိုမီတာ ( ၅မိုင်) ခန့်သို့ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဂြိုလ်တုအချက်အလက်များအရ ပြာမှုန်များသည် မီးတောင်ရဲ့ အနောက်ဘက် ကီလိုမီတာ ၁၁၀ ခန့်အကွာထိ ပျံ့နှံနေကြောင်း KVERT မှ အတည်ပြုပြောကြားခဲ့ပါတယ်။ လေယာဉ်များအန္တရာယ်ဖြစ်နိုင်တာကြောင့်၊ အဲ့ဒိ ဧရိယာအတွက် 'လိမ္မော်ရောင်' အဆင့်ကို ကြေငြာထားပြီး၊ ပျံသန်းမှုအပေါ် တားမြစ်ခြင်း(သို့) ပြင်းထန်စွာ ကန့်သတ်ခြင်းတို့ကို သင်္ကေတပြုထားပါတယ်။ 

မီးတောင်ဆက်လက်ပေါက်ကွဲမှုကြောင့် အနိမ့်ပျံလေယာဉ်ကို ထိခိုက်စေနိုင်ပြီး ပေါက်ကွဲမှုက ၁၂  ကီလိုမီတာ အမြင့်အထိ ပြာများလွင့်စင်တက်လာနိုင်ဖွယ်ရှိကြောင်း သိပ္ပံပညာရှင်များက သတိပေးထားပါတယ်။ မီးတောင်သည် ဒေသတွင်းမြို့တော် မှ ၄၅၀ ကီလိုမီတာနှင့် လူတွေ အခြေချနေထိုင်ရာမြို့မှ ၅၀ ကီလိုမီတာ အကွာတွင် တည်ရှိပါတယ်။

အဆိုပါဒေသ၌ တနင်္လာနေ့က ပြင်းအား ၅.၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီးနောက် မီးတောင်ပေါက်ကွဲခြင်း ဖြစ်ခဲ့တာပါ။ ကမ်ချက်ကာဒေသရဲ့ အကြီးဆုံးနှင့် အတက်ကြွဆုံး မီးတောင်များထဲမှ တစ်ခုဖြစ်သော ရှီဗီလက်မီးတောင်သည် ၂၀၂၄  ခုနှစ်တွင် ပေါက်ကွဲမှုကြောင့် ပြာမှုန်များက အမြင့် ၈ ကီလိုမီတာအထိ ကောင်းကင်ပေါ်သို့ တက်ခဲ့ပြီး အနီရောင့်အဆင့် သတိပေးချက်လုပ်ခဲ့ရပါတယ်။ 


REF: RT 

#MNP #News 

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)